-၁၇-

505 37 0
                                    

🚨ဒီအပိုင်းမှာလည်း ထပ်ပြီးတော့ လက်လေ့ကျင့်ခန်းလေး ပါ‌ပါတယ်။ ပြီးတော့ တချို့အသုံးအနှုန်းတွေက ၁၅နှစ်အောက်ကလေးတွေ မဖတ်သင့်တာလေးတွေပါ ပါနေပါတယ်။ ဆိုတော့ကာ  ကြိုပြီးသတိပေးရုံပါ။ ဖတ်ခြင်းမဖတ်ခြင်းကတော့ စာဖတ်သူတို့နဲ့ဆိုင်ပါတယ်။ ထို့ကြောင့် ရှုံ့ချတာမျိုးမလုပ်ကြပါနဲ့လို့ တောင်းဆိုပါရစေ။🚨

အခန်း(၁၇):သူ ဘာမှားလို့လဲ?

"နိုးသာ.....! မြတ်နိုးသာ....."

အခန်းတံခါးအား တဒုန်းဒုန်းထုပြီး အော်ဟစ်နေသည့် အလွန်အကျူးတစ်သိုက်ကြောင့် မြတ်နိုးသာ နိုးလာခဲ့ရ၏။ တံခါးသွားဖွင့်တော့ ထိုတစ်သိုက်ဟာ ပြန်ဖို့ ပြင်ဆင်‌ပြီးသားဖြစ်နေသည်။

"ပြန်တော့မယ်"

ရွှေရည်က ပြောလာ၏။ မျက်နှာမသစ်‌ရသေးတာကြောင့် ခေါင်းကိုသာငြိမ့်ပြတော့ ရွှေရည်က မျက်စောင်းတစ်ချက်ထိုး၏။

"ဒီဟာက....ဘာဖြစ်တာလဲ?"

အကြည်ဓာတ်၏ သူငယ်ချင်းမလေး ဆစ်ဆန့်က သူ့လည်ပင်းအား ထိုးပြ၍ မေးလာသည်။ ထိုအခါ ညက အကြောင်းအရာတို့ဟာ ခေါင်းအတွင်းသို့ တစီတတန်းပင် ဝင်ရောက်လာလေသည်။

"အယ်......markingတွေဘာတွေတောင် ရနေပြီဆိုတော့.....ဟီးဟီးဟီး"

သူ ကယောင်ကတမ်းဖြင့် လည်ပင်းကို အုပ်ထားမိလိုက်သည်။ သေချာပေါက် မျက်နှာကတော့ ရဲနေလိမ့်မည်ပင်။မဟုတ်ပါဘူးဟုလိမ်လျှင်တောင် ဒီအဖွဲ့က ယုံလိမ့်မည်မဟုတ်ပါချေ။

"မပြန်သေးဘူးဟယ်....အင်တာဗျူးပြီးမှ ပြန်ကြမယ်"

ထိုအဖွဲ့ဟာ သူ့အခန်းအတွင်းသို့ အလျှိုလျှိုပြန်ဝင်သွားကြချေ၏။

"အကြည်....အကြည်....ထ"

အခုထက်ထိ အိပ်နေသေးတဲ့ အကြည်ဓာတ်အား တဖျတ်ဖျတ်ရိုက်မိလိုက်သည်။

"အွန်း....."

သူ့လက်အားဆွဲပြီး ထပ်မံဖက်ထားသေးတာကြောင့် အတင်းရုန်းထွက်ရပြန်သည်။ လောကကြီးက မီးလောင်တော့မယ်။ သင်းက အိပ်ကောင်းတုန်း!!!

"ထပါဆိုနေ...."

"အွန်း....ထပြီ ထပါပြီ"

မျက်လုံးတို့ကို ပွတ်သပ်လျက် ထထိုင်လေသည်။ မနက်အိပ်ယာထစ မျက်နှာသည်ပင် အလွန့်အလွန်ချောမောနေတာကို‌တော့ သူ လက်ခံရပါလိမ့်မည်။

HIS [COMPLETE]Where stories live. Discover now