အခန်း(၁၈):ကိုကို့ယောက်ျား
"ကိုကို....မလုပ်ပါနဲ့!"
"နှုတ်ဆက်ပါတယ်"
"ကိုကို!!!!!"
ကိုကိုဟာ ချောက်ကမ်းပါးအစွန်းကနေ သူ့ကိုပြုံးပြလျက် နှုတ်ဆက်သည်ဟု ပြောသွားလေသည်။
သူ ရုတ်တရက် လန့်နိုးလာရချေ၏။
သူ၏ကိုကိုဟာ အိပ်မက်ထဲ၌ သူ့ကို ထားသွားပြီး သေသည့်လမ်းကို ရွေးသွားလေသည်။
သူနိုးလာသည့်အချိန်တွင် သူ၏ကိုကိုဟာ သူ့ဘေးတွင်မရှိတော့ပါချေ။ ထို့ကြောင့် မျက်နှာသစ်ပြီး ပုံဆွဲလေ့ကျင့်နေလိုက်သည်။ ဆစ်ဆန့်ဆီမှ ဖုန်းဝင်လာ၍ ကိုင်လိုက်တော့ အလန့်တကြားပြောလာသည့်အကြောင်းအရာတွေကြောင့် လိုင်းဖွင့်ကြည့်လိုက်သည်။
Captionအမျိုးမျိုးတပ်ထားသည့် postတွေဟာ ဟိုလူshare ဒီလူshareဖြင့် သတင်းတွေ အလွန် ဖောင်းပွလျက်ရှိပေသည်။
ရုတ်တရက် တိုက်ခန်းတံခါးပွင့်လာသည်။ ကိုကိုဟာ ငိုလျက် သူ့ကိုကြည့်လာခဲ့၏။ ကိုကို့ကိုမြင်တော့မှ ထိုမိန်းမအပေါ်၌ သူ အလွန်ကို မုန်းတီးရွံရှာရပြန်သည်။
ကိုကိုဟာ သူ့ကို ဖက်တွယ်၍ ငိုလာသည်။ ဗလုံးဗထွေးပြောသံတွေကြား၌ ငိုရှိုက်သံတွေပါဝင်၏။ အချိန်တစ်ခုကြာတော့ အငိုတတ်သွားသော်ငြား ကိုကို့မျက်ဝန်းတွေဟာ ငေးငိုင်လျက်ရှိပေသည်။
"ကိုကို...."
"......"
သူ စကားဆက်မပြောခင်မှာပဲ မသခွားသီးတို့ဆီကနေ ဖုန်းတွေ တရစပ်ဝင်လာ၏။ 'နိုးသာကို ဖုန်းပေးလိုက်စမ်းပါ'ဟုပြောလာတာကြောင့် speakerကိုဖွင့်ပြီး ကိုကို့လက်ထဲ ထည့်ထားပေးလိုက်သည်။
"နိုးသာ...."
"......"
"နင် ဒီကိစ္စကို အချိန်မလွန်ခင် အမြန်ရှင်းသင့်တယ်မဟုတ်ဘူးလား?"
"......."
"နိုးသာ နင်အဲ့လိုလုပ်မနေနဲ့! ငါပြောတာကို ကြားရဲ့လား?"
"......."
အကြည်ဓာတ် မနေနိုင်စွာဖြင့် ကိုကို့လက်ထဲမှဖုန်းကို ဆွဲယူလိုက်သည်။ ကိုကိုဟာ အသံတိတ်မျက်ရည်တွေကျနေဆဲ။
YOU ARE READING
HIS [COMPLETE]
Romance📍လုံးဝ(လုံးဝ) စာအုပ်မထုတ်ပါ။ BL × Romance × Own Creation Complete × [Unicode + Zawgyi] Start Date - July 25, 2021 [SUN] End Date - September 15, 2021 [WED]