-၁၆-

522 37 0
                                    

🚨This chapter contains a little sexual case. So you guys can choose as your decision.🚨

အခန်း(၁၆):နမ်းကြမလား?

'အရမ်းချစ်တယ် နိုးသာ'ဟူသော ခပ်တိုးတိုးလေသံလေးဟာ သူ၏ နှလုံးအိမ်နှင့် အသွေးအသားတွေကြားကို ထိုးဖောက်ဖြတ်သန်းသွားသလိုပဲ! ရင်ထဲ၌ တလှပ်လှပ်ဖြစ်သွားရသည်။

"ကိုကို....."

"အွန်း....."

"ဒါဆို.....ကိုကိုနဲ့ကျွန်တော်နဲ့.....ချစ်သူတွေ ဖြစ်နေကြပြီလား?"

ထိုစကားကြောင့် သူ့မျက်နှာဟာ ရေနွေးပူပူတစ်ခွက်နှင့် အပက်ခံလိုက်ရသလို ဖြန်းခနဲ ပူသွားရချေ၏။

"သိ....သိတယ်မဟုတ်ဘူးလား? မမေးနဲ့လေ"

"သိပေမယ့် မယုံနိုင်လို့ပါ"

ထိုကောင်လေးဟာ ရယ်ကျဲကျဲမျက်နှာပေးဖြင့် ကြည့်လာချေ၏။

"အိပ်ရအောင်....ငါ ခေါင်းကိုက်နေပြီ"

ထို့နောက် သူ့မျက်ဝန်းတွေအား မှေးမှိတ်ထားခဲ့လိုက်သည်။ ထိုကောင်လေးမှမဟုတ်! သူသည်လည်းပဲ ချစ်သူတွေဖြစ်သွားခြင်းအပေါ် မယုံကြည်နိုင်ပါ။ဤသည်မှာ ရင်ခုန်ရသလိုပဲ အကယ်၍ မိဘတွေသိသွားခဲ့လျှင်တော့.....။

ထိုအတွေးကြောင့် သူ့ရင်ထဲ၌ ဆစ်ခနဲ ဆစ်ခနဲဖြင့် နာကျင်ရချေသည်။

"အကြည်....."

"ဗျာ....."

"အကယ်၍ ငါတို့ဝေးသွားရင်လေ...."

"......"

ထိုကောင်လေးက တိတ်ဆိတ်လျက်သား....။ သူ့ကို ခပ်ငေးငေးကြည့်လာသည်။ သူ့စိတ်အထင် ပယင်းရောင်မျက်ဝန်းတွေ၌ အရည်ကြည်လေးပင် လဲ့နေခဲ့သလို.....။

"မင်း ငါ့ကို မေ့သွားမှာလား?"

"ကျွန်တော်က ဘာအကြောင်းပြချက်ကြောင့်နဲ့ ကိုကို့ကို မေ့ပစ်လိုက်ရမှာလဲ?"

"အကယ်၍ ငါတို့ဝေးသွားရင်.....မင်းငါ့ကို အမြဲတမ်းသတိရနေမှာလား"

"အင်း....အမြဲတမ်းပေါ့"

"အကယ်၍များ....."

"ရှူးးးးးးမပြောနဲ့တော့နော်....အခုမှ ပြန်အဆင်ပြေတာကို စိတ်ဆင်းရဲစရာတွေ မတွေးဘဲ နေကြရအောင်ပါ"

HIS [COMPLETE]Where stories live. Discover now