-၂၈-

447 31 2
                                    

အခန်း(၂၈):မင်းက.......

"ကျွန်တော်က ကိုကို့ကို ကာကွယ်ပေးချင်တာ....."

"ကျွန်တော်ကိုကို့ကို ဘယ်တော့မှ မေ့မသွားဘူးလို့ကတိပေးပါတယ်....."

"ငါတို့တွေ မှဲ့ချင်းစွန်းထင်းကြမလား?....."

"အာ့...အာ့...မောင်...."

"မောင်နိုးသာကို သိပ်ချစ်တယ်နော်...."

"ငါတို့ ချစ်သူတွေဖြစ်ကြမလား??......"

"ကိုကို့ကြောင့် ကျွန်တော့်ဟာက မာနေပြီ....."

"ကိုကို့ကိုကာကွယ်ပေးမှာ ကိုကို့ယောက်ျားအပြင် ဘယ်သူရှိသေးလို့လဲ...?"

"ကိုကို ကျွန်တော့်ကို မရှောင်ဘဲ နေလို့မရဘူးလား???..."

သူ အိပ်မက်တွေကြောင့် လန့်နိုးလာရပြန်သည်။ သူ ဒီလို တကွဲတပြားဖြစ်နေတဲ့ အိပ်မက်တွေမက်နေတာ အတော်လေးကို ကြာပြီဖြစ်သည်။ငါးလခန့်အချိန်ယူပြီးသည့်နောက် သူ၏ တကွဲတပြားအိပ်မက်တွေဟာ အစီစဉ်တကျဖြစ်လာပြီဖြစ်သည်။

သူနှင့်ကိုကိုဟာ ဒီကာလလေးအတွင်း လွန်စွာ အဆင်ပြေနေခဲ့ပြီးဖြစ်သည်။ သူ အတိတ်ကို အလုံးစုံ အမှတ်မရသေးသော်ငြား တပိုင်းတစလေးသည်ပင် ကိုကို့အား ပိုတိုးချစ်ဖို့ လုံလောက်လာရသည်။

နာရီကိုကြည့်တော့ လေးနာရီကျော်ကျော်ပဲရှိသေးသည်။ တောင်ပေါ်ဒေသဖြစ်တာမလို့ နွေရာသီဖြစ်သော်ငြားလည်း အအေးဓာတ်က ခပ်ပါးပါးကလေးရှိ၏။ သူ ဆက်လက်မအိပ်ချင်တော့တာကြောင့် အပြင်သို့ထွက်လိုက်ပြီး မျက်နှာသစ်လိုက်သည်။ထို့နောက် အခန်းတွင်းပြန်ဝင်မည် ပြုပြီးကာမှ ကိုကို့ကို တွေ့ချင်လာတာကြောင့် ကိုကို့အခန်းအတွင်း တိုးတိုးတိတ်တိတ် ဝင်လာခဲ့လိုက်သည်။

နံရံဘက်သို့မျက်နှာမူလျက် အိပ်နေတာကြောင့် ကိုကို့ကျောပြင်သေးသေးကိုသာ မြင်ရသည်။ ကိုကို့ဘေးနားသို့ ဝင်လှဲလိုက်ပြီးနောက် ကိုကို့ခေါင်းအောက်ကို လက်လျှိုလျက် ဖက်ထားမိလိုက်တော့ ကိုကိုက သူ့လက်တစ်ဖက်အား ဆုပ်ကိုင်လာသည်။

"နိုးသွားတာလား??"

"အင်း....အိပ်မပျော်လို့လား?"

HIS [COMPLETE]Where stories live. Discover now