-၂-

1K 72 6
                                    

အခန်း(၂)။ ကိုကိုနဲ့ ပိုပြီးနီးစပ်ချင်တယ်

နောက်ဘက်ဆီမှ ထွက်လာတဲ့ ခပ်ဩရှရှအသံကြောင့် အကြည်ဓာတ်သည်ပင်လျှင် ကျောတို့ ဆတ်ခနဲ တုန်သွားရလေသည်။လှည့်ကြည့်လိုက်တော့ ထိုကိုကို.....။

"ကို...ကိုမြတ်နိုးသာ"

"အွန်း....မင်းတို့ကို ရန်ထပ်ဖြစ်ရင် ဘာလုပ်မယ်လို့ ငါပြောထားလဲ?"

ထိုအခါ ထိုဝတုတ်ကောင်နှင့်အဖွဲ့မှာ ငြိမ်ကုပ်သွားချေ၏။

"ပြီးတော့ ဒီကောင်လေးက အခုမှ ကျောင်းသားအသစ်ပဲရှိသေးတာလေ...မင်းတို့နဲ့ ဘာပြဿနာတွေများရှိလို့လဲ?"

"မ...ရှိပါဘူး"

"အင်း.....နောက်ကို အေးအေးဆေးဆေးနေကြမယ်မဟုတ်လား?"

"ဟုတ်...."

"အင်း....ဒါဆို အကိုတို့သွားမယ်...အကြည်...လာ သွားရအောင်"

"....."

ထိုကိုကိုဟာ သူ့လက်ကို ဆွဲခေါ်၍ နေရာမှ ထွက်လာခဲ့သည်။ သူ နောက်ပြန်လှည့်ကြည့်တော့ ထိုဝတုတ်ကောင်တို့မှာ ပါးစပ်အဟောင်းသားနှင့် ကြည့်နေသည့်အတွက် အကြည်ဓာတ် လျှာထုတ်ပြမိလိုက်၏။

"အကြည် အဲ့ကောင်တွေနဲ့ ရန်ဖက်ဖြစ်စရာ မလိုဘူးနော်! တခုခုဆို ကိုကို့ကိုပဲ ပြော"

ထိုကိုကိုက သူ့ပခုံးပေါ်လက်တင်ပြီး ခပ်တိုးတိုးပြောလေသည်။ ထိုကိုကိုရဲ့ မျက်ဝန်းတွေက ကြယ်ကလေးတွေလို တဖျတ်ဖျတ်လက်ပြီးတောက်ပနေသည်။ထိုကိုကိုရဲ့ မျက်ခွံလေးတွေပေါ်က မှဲ့နက်ကလေးတွေကအစ ထိုကိုကိုပိုင်ဆိုင်သမျှဟာ ထင်ထားတာထက် ချောမောစေသည်။

"ဟုတ်...သူတို့က ကိုကို့ကိုကျ ဘာလို့ ကြောက်ကြတာလဲ?"

"ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဌမလို့လေ....ဒါ့ကြောင့် တခုခုဆို ကိုကို့ကိုပြန်ပြောပြနော်...အဲ့ကောင်တွေကို ကိုကို ‌ဆော်ပလော်တီးပေးမယ်"

"ဒါဆို....ကိုကိုကပဲ ကျွန်တော့်ကို ကာကွယ်ပေးပါဦး!"

"ဟားဟား! ကောင်းပါပြီ"

ထိုကိုကိုရဲ့ ရယ်လိုက်လျှင် ပေါ်လာတဲ့သည့် ယုန်သွားလေးတွေကလည်းလှသည်။ ထိုကိုကိုရဲ့ ပါးပြင်ပေါ်က သွေးကြောတွေသည်လည်း လှသည်။ထိုကိုကိုရဲ့ နဖူးပေါ်သို့ ကပိုကရိုကျနေသည့် ဆံနွယ်လေးတွေကအစ လက်ချောင်းသွယ်သွယ်အဆုံး အားလုံးလှသည်။ထိုကိုကိုရဲ့ အကြည့်တွေနဲ့တင် သူ ထိုကိုကို့အပေါ်မှာ ထုတ်ဖော်ပြော၍မရသည့် သံယောဇဉ်တစ်ခု တွယ်ငြိသွားပြီမှန်း သိလိုက်ရသည်။

HIS [COMPLETE]Where stories live. Discover now