-၁-

2.7K 103 6
                                    

အခန်း(၁):မဆီမဆိုင်တဲ့ ကောင်လေးတစ်ယောက်ကို စောင့်ရှောက်ချင်စိတ်

ကျွန်‌တော်တို့နေတဲ့ ဝန်ထမ်းအိမ်ရာက အတော်အတန်လေးကို အရိပ်ရတယ်ပြောရမည်။ အရာရှိတစ်ဦးကို ဝန်ထမ်းအိမ်ရာတစ်လုံး ပေးထားတာမို့ အတော်အဆင်ပြေလှသည်။

ခြံဝန်းပါ ရှိနေခြင်းကြောင့် လုံခြုံရေးအတွက်လည်း စိတ်ချရတာမို့ ကျွန်တော် အတော်လေးပင် သဘောကျမိသည်။ ခြံဝန်းထဲတွင် နှစ်ရှည်သရက်ပင်တွေ ရှိတာကြောင့် သစ်ရွက်အမှိုက်တွေကတော့ တစ်ရက်တစ်ခါ သို့မဟုတ် နှစ်ရက်တစ်ခါလိုမျိုး လှည်းရကျင်းရနှင့် မသက်သာလှ။

အိမ်ရှေ့ခြံထောင့်က သရက်ပင်အောက်မှာ ကျွန်တော် စာကြည့်ဖို့အတွက် ဖေဖေက စားပွဲဝိုင်းနှင့် ထိုင်ခုံလေးတွေကို သစ်တုံးတွေ အသုံးပြုပြီး ပြုလုပ်ပေးထားသည်။ ထို့ကြောင့် ထိုစားပွဲတွင်ပဲ ညနေမိုးမချုပ်ခင်အထိ ကျွန်တော်စာကြည့်ဖြစ်သည်။ ဘေးအိမ်တွင်လည်း ကျောင်းသားဟူ၍ အလယ်တန်းနှင့် မူလတန်းကလေးတွေပဲ ရှိတာကြောင့် ကျွန်တော့်ရဲ့စာလေ့လာမှုက အေးအေးဆေးဆေးပင် ပြုလုပ်လို့ရသည့်အနေအထားတွင်ရှိသည်။

တစ်ရက် ထိုစားပွဲဝိုင်းမှာ ကျွန်တော် စာကြည့်နေချိန်တွင် မေမေအနားရောက်လာလေသည်။တစ်ဖက်အိမ်ကို နောက်ထပ် မိသားစုတစ်စုပြောင်းလာမည်ဖြစ်တာကြောင့် အိမ်သန့်ရှင်းရေးလုပ်လျှင် ကျွန်တော့်ကို သွားပြီး ကူညီလုပ်ကိုင်ပေးဖို့ဖြစ်သည်။ထို့ကြောင့် ကျွန်တော်လည်း လက်ခံပြီး စာကိုသာ ဆက်ကြည့်နေလိုက်သည်။

ထိုခြံလေးရှေ့ကို အိမ်စီးကားလေးတစ်စီး ရပ်လာ၏။ ထို့နောက် အရာရှိဦးလေးရယ်၊သူ့အမျိုးသမီးရယ် နောက်ပြီး ကျနော်နှင့် မတိမ်းမယိမ်းအရွယ် ကောင်လေးတစ်ယောက်ရယ် ဆင်းလာသည်။

"ခြံလေးက ကျယ်သားပဲနော်"

အမျိုးသမီးဖြစ်သူကပြောတော့ ဦးလေးက ထောက်ခံလေသည်။ သားဖြစ်သူကတော့ ကားကိုမီပြီး ကျွန်တော့်ကို မမှိတ်မသုန်ဖြင့် စိုက်ကြည့်နေလေသည်။ စိတ်ရှုပ်နေဟန်ရသော မျက်မှောင်ကြုတ်နေဟန်ရှိသော ပယင်းရောင် မျက်ဝန်းတွေက အတော်လေးကို မောက်မောက်မာမာပုံစံရှိတာကြောင့် ပြုံးပြမိတော့မည့် မိမိ၏အတွေးတွေကို လည်ချောင်းထဲသို့ ခက်ခက်ခဲခဲနှင့်ပင် ပြန်လည်မြိုချပစ်လိုက်သည်။

HIS [COMPLETE]Where stories live. Discover now