အခန်း(၂၂): Anni date သတ်မှတ်ခြင်းနှင့်......
ဒီအတောအတွင်းတွင် သူတို့ဟာ ခန္ဓာကိုယ်ဆက်ယှက်ခြင်းအမှုကို ရှောင်ကြဉ်ခဲ့ကြသည်။လက်ကိုတော့ လှုပ်ရှားဖြစ်ခဲ့ပါ၏။
အချိန်တွေကုန်တာ အရမ်းကို မြန်ဆန်လွန်းခဲ့သည်။ စာမေးပွဲတောင်မှ ဖြေပြီးသွားပြီဖြစ်၏။ ယခုဆိုလျှင် အိမ်အပြန်လမ်းပေါ်သို့တောင် ရောက်နေပြီဖြစ်၏။
"ကိုကို...."
ကားပေါ်၌ ခေါ်ခြင်းဖြစ်တာကြောင့် ဘေးခုံဆီသို့ သူ အနည်းငယ်မျှ လှမ်းကြည့်မိလိုက်သည်။ မည်သူမျှ သတိမထားမိပေ။ အကုန်နီးပါး အိပ်မောကျနေပြီးဖြစ်သည်။
"ဟင်?"
"ကျွန်တော် အိပ်ချင်တယ်...."
ထိုသို့ပြောပြီးနောက် သူ့အရပ်ကြီးမှ အားမနာ အကြည်ဓာတ်ဟာ သူ့ပခုံးပေါ်သို့ မှီတွယ်လာပေသည်။ ထို့နောက် သူ့ဘယ်ဘက်လက်ကို သူ၏လက်ချောင်းတွေကြား သွယ်ယှက်လာလေသည်။
"အိမ်ကျရင်....ကိုကိုနဲ့ ဒီလိုနေလို့ ရမှာမဟုတ်တော့ဘူး...."
"ဘာလို့လဲ?"
"မေမေတို့ သိသွားမှာစိုးလို့လေ...."
"ဒီတက်တူးတွေကို ဘယ်လိုပြောကြမလဲ?"
"ဒီတိုင်း ဆင်တူထိုးဖြစ်တယ်ပဲ ပြောကြတာပေါ့"
လက်ဝါးအတွင်းမှ အတိုကောက်စာလုံးတွေကိုတော့ ဘယ်လိုပြောပြရပါ့မလဲဟု တွေးနေမိသည်။
အကြည်ဓာတ်ဟာ မှီထားရာမှ ခေါင်းထောင်လိုက်ပြီးနောက် သူ့ကို တဖန်ပြန်၍ ထွေးပွေ့ထားပြန်သည်။
"ကိုကို့ကို ကျွန်တော် သိပ်ချစ်တယ်....."
"အင်း....ငါရော မင်းကို အရမ်းချစ်တယ် မောင်"
အကြည်ဓာတ်က သူ့လက်တွေအား ဖျစ်ညှစ်ဆုပ်ကိုင်လာ၏။
"ကျွန်တော်တို့ Anni dateကို တက်တူးထိုးတဲ့ ရက် ထားလိုက်ကြမလား?"
"အဲ့ဒါ ဘယ်နေ့လဲ?"
"၁၀လပိုင်း၇ရက်နေ့လေ"
"အွန်း....မင်းသဘောပါပဲ"
ထိုအခါ ကောင်ငယ်လေးက သဘောတကျဖြင့် ပြုံးရယ်လာပြန်၏။
YOU ARE READING
HIS [COMPLETE]
Romance📍လုံးဝ(လုံးဝ) စာအုပ်မထုတ်ပါ။ BL × Romance × Own Creation Complete × [Unicode + Zawgyi] Start Date - July 25, 2021 [SUN] End Date - September 15, 2021 [WED]