-၅-

733 54 4
                                    

အခန်း(၅):ဂုဏ်ပြုလက်ဆောင်

အလွမ်း.....?

ဤသည်ကို အလွမ်းဟုရော ခေါ်ဆို၍ ဖြစ်ပါရဲ့လား။

မျက်ဝန်းတွေမှတဆင့် ထိုကောင်လေး၏ စိတ်အဟုန်ကို သူမြင်နေရသလိုပင်။ နာနာကျင်ကျင် ခံစားလိုက်ရသည်။

မတွေ့တာ ကြာပြီဟူသော အသံမှာ အရမ်းကိုပင် ကြေကွဲအက်ရှနေသကဲ့သို့ပင်။ဘေးမှ သက်ထား၏လက်အား ခပ်တင်းတင်းပင် ဖျစ်ညှစ်မိသွားသလိုပင်။

"ထိုင်ပါဦး...."

ထိုကောင်လေး၏ အကြည့်တွေသည်ကား သူ၏ မျက်နှာပေါ်မှတဆင့် သူ့ရဲ့ လက်တွေဆီသို့ ခပ်လေးလေး ဆင်းသွားပြီးနောက် မျက်ဝန်းတို့ကို မှိတ်ချပစ်ပြီး ခုံတစ်ခုံမှာ ထိုင်လိုက်ချေသည်။

"ဒီအတောအတွင်း အဆင်ပြေတယ်မို့လား"

သူ မေးတော့ ထိုကောင်လေးရဲ့ မောက်မာဟန်ရှိတဲ့မျက်ဝန်းတွေက ခေတ္တမျှ နာနာကျင်ကျင်ပြုံးလိုက်ဟန်တူပါသည်။ လခြမ်းသဏ္ဍာန် ခပ်ကွေးကွေးကလေးဖြစ်သွားချေသည်။ နှုတ်ခမ်းတို့ကတော့ ရေရှည်မပြုံးရှာပါဘူး။မျဉ်းတစ်ဖြောင့်တည်းဆွဲထားသလို အဖျားအစွန်၌ အနည်းငယ်မျှ ကော့တက်သွားရုံသာ.....။

"ပြေအောင်နေနေတော့လည်း ပြေသလိုလိုပါပဲ!"

"အော......"

ကျွန်တော်တို့သုံးဦးကြား တိတ်ဆိတ်ခြင်းကသာ လွှမ်းမိုးသွားရှာသည်။

"ကိုကို....အင်း....ကိုနိုးသာရော အဆင်ပြေတယ်မလား? ကျောင်းမှာလေ?"

"ပြေပါတယ် အရမ်းကို....."

အကြည့်မေမေက သခွားမွှေးသီးစိတ်တွေ ထည့်ထားတဲ့ပန်းကန်ကို စားပွဲပေါ်သို့ လာတင်ပေးလေသည်။

"စားလိုက်ပါဦး! ကိုကိုကြိုက်တယ်မို့လား?"

အမှန်တကယ်ကိုပဲ ဒီကောင်လေးက မိမိဘာကြိုက်သလဲဆိုတာ မှတ်မိနေသေးသည်ပဲ!

"အကြည်ဓာတ်က နင့်ကို တော်တော်ခင်ပုံရတယ်နော်! နင် ဘာကြိုက်လဲဆိုတာတောင် သူက သိသေးတယ်! ငါတောင် မသိဘူး"တဲ့။

ဘေးမှာထိုင်လျက် သခွားသီးစိတ်စားရင်းဖြင့် ခပ်အေးအေးပြောလာ၏။

HIS [COMPLETE]Where stories live. Discover now