-၂၉-

476 29 0
                                    

အခန်း(၂၉): Second rings

ဆေးရုံရနံ့တွေက ယခင်အချိန်တုန်းကလိုပဲ သူ့နှာခေါင်းအတွင်း အလုအယက်တိုးဝင်နေကြပြန်သည်။ မျက်နှာကြက်ဖြူဖြူကိုမြင်ပြီးသည့်နောက် ရင်းနှီးသည့်အသံတစ်ခုကို ကြားလိုက်ရ၍ ထိုသူ့ဆီကို အကြည့်လွှဲမိသည်။

ဝိုးတဝါးမြင်ကွင်းကြားမှ မြင်နေရသည့် ထိုသူဟာ ဖြူဖျော့လျက် မျက်တွင်းတွေညိုလျက် ထို့အပြင် ထိုသူဟာ သူ့အား ဝမ်းသာအားရ ငေးကြည့်လျက်။ လက်ချောင်းတွေအား ခပ်တင်းတင်းဖျစ်ညှစ်လာသည်ကို သိပြီးသည့်နောက် အသိစိတ်က ပြန်လွတ်သွားပြန်သည်။

အချိန်မည်မျှ ကြာသွားပြန်သည်မသိ။ နောက်တစ်ကြိမ်သတိပြန်လည်လာတော့ ပတ်တီးတွေမရှိတော့။ ထိုသူကတော့ သူ့အား ထပ်မေ့မသွားရန်ပြောပြီး သူ့ရင်ဘတ်ပေါ်သို့ ခပ်ဖွဖွကလေး မှီတွယ်လာ၏။ ရင်းနှီးနေသည့် စတော်ဘယ်ရီရနံ့အား သူ ရှူရှိုက်မိလိုက်သည်။

ထိုသူဟာ မိမိအား ရေတချို့တိုက်ပြီးနောက် မသေကောင်းမပျောက်ကောင်းဟု စိုးရိမ်မကင်းပြောလာတာကြောင့် ထိုသူ့အား အနည်းငယ်မျှ စနောက်ချင်လာ၍ ထိုသူဆုပ်ကိုင်ထားသည့် မိမိလက်တို့အား ရုန်းထွက်မိလိုက်၏။

ထို့နောက် ဘယ်သူလဲဟု မေးခွန်းအား မနည်းထိန်းချုပ်၍ ထိုသူ့အားမေးလိုက်တော့ ထိုသူဟာ သူ့အား ဝိုင်းစက်နေသည့်မျက်ဝန်းတွေနှင့် ကြည့်လာပြီးနောက် ထိုမျက်ဝန်းတွေမှ မျက်ရည်တချို့က ပါးပြင်ပေါ်သို့ ဖြတ်သန်းသွားတာကို မြင်လိုက်ရသည်။

"မင်း.....ငါ့ကို ထပ်ပြီး မေ့သွားပြန်ပြီလား?"

ထိုသူဟာ တုန်လှုပ်လျက်ပြောလာ၏။ သူ၏ မရည်ရွယ်ဘဲ ပြုလုပ်လိုက်သည့် စနောက်မှုလေးကြောင့် သူ၏မြတ်နိုးရာလေးဟာ ဘေးရှိခုံပေါ်သို့ အလဲလဲအပြိုပြိုဖြင့် ထိုင်ချလိုက်ပြီးနောက် ကုတင်ပေါ်သို့ မှောက်လျက် တသိမ့်သိမ့်ငိုကြွေးလာ၏။

"မင်းပဲ ငါခွင့်မပြုရင် ထပ်ပြီး မမေ့တော့ပါဘူးဆို.....အခုတော့....."

"ကိုကို....."

သူ့အသံဟာ ခြောက်သွေ့နေသည့် လည်ချောင်းကို ဖြတ်လာရတာကြောင့် အလွန်အမင်း ကွဲအက်ရှတနေခဲ့၏။ ထိုအသံကိုကြားတော့ သူ၏ချစ်ရသူဟာ သူ့အား စွတ်စိုနေသည့် မျက်ဝန်းတွေဖြင့် မော့ကြည့်လာ၏။

HIS [COMPLETE]Where stories live. Discover now