-၃၀-

510 33 0
                                    

အခန်း(၃၀):ကိုယ့်ရဲ့ အသဲအသက်လေးရယ်.....

သူတို့မောင်းနှင်လာတဲ့ ကားလေးဟာ အဝေးပြေးလမ်းမထက်၌ အရှိန်တစ်ခုဖြင့် လှစ်လှစ်ကလေး ပြေးလွှားလျက်ရှိ၏။ Lover seat၌ ထိုင်နေသည့် မြတ်နိုးရသည့် ကောင်ငယ်လေးအား သူ မြတ်နိုးစွာဖြင့် လှည့်ကြည့်မိပြန်သည်။

ယခင် သူတို့ ကားအက်ဆီးဒင့်န်ဖြစ်ခဲ့သည့်နေရာကိုရောက်တော့ ကားကို အရှိန်လျှော့၍ ဟိုဟိုဒီဒီကြည့်မိကြပြန်သည်။

"ငါ ဒီနေရာကိုဖြတ်တိုင်း ကြောက်နေခဲ့တာလေ။ Trumaတွေပေါ့"ဟု ကိုကိုက သူ၏လက်ကို ဆုပ်ကိုင်လျက်ပြောလာ၏။

"အခု ကျွန်တော်ရှိနေပြီလေ"လို့ပြောမိတော့ ချစ်ရသူလေးဟာ ကြယ်ရောင်မျက်ဝန်းလေးတွေ မှေးမှိတ်သွားသည်အထိ ပြုံးရယ်ပြလာရင်း ခေါင်းငြိမ့်ပြ၏။ ထို့နောက် ကားကို တဖန် အရှိန်ပြန်မြှင့်ပြီးနောက် ခရီးဆက်ခဲ့ကြသည်။

သူတို့ နေထိုင်ခဲ့ရာ မြို့လေး၌ ကိုကို့၏မိဘများဟာ အိမ်နှင့်ခြံလေးဝယ်၍ နေထိုင်နေကြသည်။ ကိုကို့ဖေဖေဟာ ပင်စင်ယူပြီးဖြစ်၏။ ယခင်က ကြွယ်ဝခဲ့သူများမို့ ငွေရေးကြေးရေးဟူ၍ ထွေထွေထူးထူးတော့လည်း ပူပင်စရာရှိမနေခဲ့ပါချေ။

သူတို့သွားရမည့်နေရာကိုရောက်လေ ဆုပ်ကိုင်ထားသည့် ကိုကို့လက်တွေဟာ ချွေးစေးတွေထွက်လျက် ပိုမိုအေးစက်လာပြီး သူ့လက်ကို ပိုမိုတင်းကြပ်‌စွာ ဆုပ်ကိုင်လာလေဖြစ်၏။

"မကြောက်နဲ့နော်ကိုကို....ကျွန်တော်ရှိတယ်လေ"

ကိုကိုသည် သူ့စကားကို လက်ခံဟန်ဖြင့်ခေါင်းငြိမ့်ပြသော်လည်း မျက်ဝန်းထောင့်နှင့် မျက်ခမ်းစပ်ကလေးတွေရဲနေတာကို သူ သတိထားမိလိုက်ပါ၏။

ခြံရှေ့တွင် ကားရပ်လိုက်တော့ ဇရာထောင်းနေပြီဖြစ်သော ကိုကို့မေမေဟာ ခြံတံခါးလေးအား တွန်းဖွင့်လာ၏။

"ကိုကို သွားတွေ့လိုက်လေ"

ထိုအခါ ကိုကိုက မျက်လွှာချလျက် အသက်ကို ခပ်ပြင်းပြင်းရှူထုတ်ပြီးနောက် ကားတံခါးကိုဖွင့်၍ အပြင်သို့ ထွက်သွားလေသည်။

HIS [COMPLETE]Where stories live. Discover now