-၂၁-

546 33 2
                                    

🚨Okay.... This chapter contains real adult scence. You guys can read as your decision. So... Don't blame me yep....😟🚨

အခန်း(၂၁):ဆင်တူ... Tattoos

မနက်ခင်း၌ ဝီရိယကောင်းစွာဖြင့် စောစီးစွာ နိုးလာရ၏။ ဖက်တွယ်ထားသည့်သူအား မော့ကြည့်ပြီးသည့်နောက် ဘယ်ဘက်ဘက်ကို ထပ်မံမြှောက်ကြည့်မိပြန်သည်။ အပ်အရွယ်အစားလောက်ပဲရှိတဲ့ ပလက်တီနမ်ကွင်းလေးအပေါ်မှာ အရွယ်အစားအလွန်သေးလှသည့် ခပ်လက်လက်ကျောက်ကလေးတစ်လုံးပါရှိသည်။

သူ လက်သီးဆုပ်မိလိုက်သည်။ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်း အချိုးကျပေါင်းစပ်နေတဲ့ ခံစားချက်ဟာ ရင်ထဲ၌ ဟိုဟိုဒီဒီပြေးလွှားနေတာကြောင့် ကောင်လေးကို ပိုတိုးဖက်ထားမိလိုက်သည်။

"နိုးနေပြီလား?"

ကောင်လေးက အက်ရှနေသည့်အသံတို့နှင့်မေးလာတာကြောင့် ခေါင်းကိုသာငြိမ့်ပြဖြစ်သည်။ ထို့နောက် အိပ်ယာမှထလိုက်ပြီးနောက် မျက်နှာသစ်ကိုယ်လက်သန့်စင်လိုက်သည်။ အကြည်ဓာတ်ကတော့ မနက်စာအတွက် တခုခုပြင်ဆင်နေလိမ့်မည်ဖြစ်၏။

"လာ ကိုကို"

မီးဖိုခန်းထဲဝင်သွားတော့ စတော်ဘယ်ရီယို ခပ်များများထည့်ထားသည့် ပေါင်မုန့်မီးကင်အား သူ့ကို ခွံ့ကျွေးလာသည်။ ကော်ဖီသောက်လိုက် မုန့်စားလိုက် ကောင်လေးကို ကြည့်လိုက်နှင့် သူ့စိတ်အတွင်း၌ ပီတိဟု ခေါ်ရလောက်မည့် ခံစားချက်တစ်ချို့က ဝင်ရောက်လာပြီး‌နောက် ညက ပြောမိသည့်အကြောင်းအရာတို့က ခေါင်းအတွင်းသို့ ထပ်မံဝင်ရောက်လာပြန်သည်။

"ကိုကို...."

"အွန်း....."

"ဘယ်ချိန်သွားမှာလဲ?"

"ရေချိုးပြီးရင် သွားကြတာပေါ့"

သူပဲမဟုတ်! သူ၏ကောင်လေးဟာလည်း စိတ်လှုပ်‌ရှားနေခဲ့သည်ထင်။ ပယင်းရောင်မျက်ဝန်းတွေက ပျားရည်တွေလို ချိုအီမွှေးပျံ့လျက်ရှိပေသည်။သူတို့နှစ်ဦးရေမိုးချိုးပြီးသည့်နောက် Taxiတစ်စီးငှား၍ ထိုနေရာလေးဆီသို့ ဦးတည်ခဲ့လိုက်သည်။

*Night(Color Tattoo)*ဆိုသည့် ဆိုင်းဘုတ်ကိုမြင်တော့ အကြည်ဓာတ်က သူ့အား ငဲ့ကြည့်လာသည်။

HIS [COMPLETE]Donde viven las historias. Descúbrelo ahora