-၃-

770 67 3
                                    

အခန်း(၃)။ ကိုကိုက ကျွန်တော့် မိုတီ

ရုတ်တရက်.......

လေထုတွေငြိမ်သက်ကုန်သည်ဟု သူ ခံစားလိုက်ရသည်......။

~နီးစပ်ချင်တယ်? ဘာကိုပြောတာလဲ? ဘယ်လိုပုံစံမျိုးနဲ့  နီးစပ်ချင်တာလဲ?~

မြတ်နိုးသာတစ်ယောက် အသက်ရှူရန်ပင် မေ့လောက်အောင်အထိ တွေးတောနေမိတော့သည်။

"ကိုကို....."

"....."

"ကျွန်တော်ပြန်တော့မယ်! ကိုကို လက်ခံတယ်လို့ပဲ ကျွန်တော်ယူဆလိုက်မယ်နော်! "

"အ....အင်း"

အင်း...ဟု ဖြေမိလိုက်တာက ပြန်တော့မယ်ဆိုတာကိုလား လက်ခံလိုက်တယ်ဆိုတာကိုလားဆိုတာ သူသေချာမသိတော့ပေ။ ထိုနေ့ညက ထမင်းစားပျက်သည်အထိ သူ့ရင်ထဲရှိ နှလုံးသားလေးဟာ တဒိန်းဒိန်းဖြင့် ခုန်ပေါက်နေခဲ့လေသည်။ အိပ်ပျော်သွားသည့်အချိန်မှာလည်း အလွန်နောက်ကျနေမှန်း သတိထားမိလိုက်သည်။

မနက်ခင်းနိုးလာတော့ မေမေက သတင်းထူးတစ်ခုပြောပြလေသည်။ "အကြည်...ကိုယ်ပိုင်ကျောင်းကို ဝင်သွားပြီ"တဲ့။

ဒါက သတင်းထူးလား သတင်းဆိုးလားဆိုတာကို သူသေချာမသိတော့ချေ။ ရင်ထဲတွင် လေပူတွေ ဆို့တက်လာသလိုခံစားရသည်။ မျက်ဝန်းထောင့်မှ အနည်းငယ်မျှ ကျိန်းစပ်စပ်ဖြစ်နေတာကိုတောင် ခံစားလာရလေသည်။

~ဒီကောင်လေး! ငါ့ကိုတောင် နှုတ်ဆက်မသွားဘူးပဲ!~

တစ်လတစ်ခါမျှ အကြည့်မေမေက အကြည့်ကို သွားတွေ့ရသည်။ သူ့ကို လိုက်ဖို့ခေါ်သော်ငြား ထိုကောင်လေးက မိမိအား နှုတ်ဆက်မသွား၍ စိတ်တိုခြင်းကြောင့်လား? ဒါမှမဟုတ် မသွားခင်ရက်က ပြောခဲ့သည့်အကြောင်းအရာကြောင့် မျက်နှာပူ၍လားမသိ! သူ အကြည်ဓာတ်ကို ရင်မဆိုင်ချင်ပါချေ။ ထို့ကြောင့် အကြိမ်ကြိမ်ငြင်းဆိုခဲ့လိုက်သည်။

"သား နိုးသာ! အကြည်က စာပေးလိုက်တယ်"ဟူသော အသံအဆုံး မေမေက စာတစ်စောင်ကိုယူ၍ မိမိအခန်းထဲသို့ ဝင်လာချေသည်။

"သားရယ်...ညီလေးသနားပါတယ်! လိုက်တွေ့လိုက်တာတော့ မဟုတ်ဘူး"

HIS [COMPLETE]Where stories live. Discover now