အခန်း(၉):indirect kiss
ကိုကို့ကို ဖက်ထားရင်းဖြင့် သူ့လုပ်ရပ်တွေ မှားကုန်ပြီလားဟု တွေးနေမိသည်။
တကယ်ဆို သူ ကိုကို့အပေါ်မှာ မသိအောင်နမ်းနေသည့်အမှုတွေ အရမ်းများနေပြီမဟုတ်ပါလား?
ယခင်က ဆံပင်တို့ကို နမ်းခြင်းဖြင့် ဖြေသိမ့်နိုင်ပေမယ့် ယခုညမှ သူဘာဖြစ်သွားရတာလဲ? သူ...သူ ကိုကို့အပေါ်မှာ ညစ်ညမ်းမှုတွေ စွန်းထင်းစေမိပြီ! သူ ကိုကိုနဲ့ ဘယ်လို မျက်နှာချင်းဆိုင်ရပါ့မလဲ?
ကိုကိုကသာ သူ့ကို ယောက်ျားလေးချင်း ချစ်ကြိုက်သူမှန်း သိသွားခဲ့ရင် ကိုကို သူ့ကို မုန်းလိမ့်မလား? ဒါမှမဟုတ် မမြင်ချင်တော့လောက်အောင် ရွံရှာသွားလေမလား? အမှားကိုလုပ်ပြီးမှ သူ တုပ်လှုပ်ခြောက်ခြားနေမိသည်။
ရင်ခွင်ထဲမှ ကိုကို့ကို ခပ်တင်းတင်းဖြစ်အောင် ပိုတိုးဖက်ပြီးတော့ ခပ်တိုးတိုးဆိုမိသေးသည်။
"ကိုကို ကျွန်တော့်ကို မမုန်းလိုက်ပါနဲ့နော်....ကျွန်တော့်ကို မမြင်ချင်အောင် ရွံရှာပြီးလည်း မနေပါနဲ့...ကျွန်တော် ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်"
ရင်ခွင်ထဲမှ ကိုကိုကတော့ အင်း အဲ လုပ်ပြီး ပြန်ဖြေမနေပါ။ သူ့ဘာသာ တစ်ကိုယ်တည်း ငြိမ်သက်စွာဖြင့် အိပ်ပျော်နေခြင်းသာ......။
သူက....သူကသာ....အခွင့်အရေးသမားဖြစ်ပေသည်။ သူကသာ ညစ်ညမ်းစေသူ။ သူကသာ ရွံစရာကောင်းသည့်သူဖြစ်သည်။
မျက်လုံးတို့ကို မှိတ်ချပစ်တော့ မျက်ရည်အချို့က ခေါင်းအုံးအတွင်းသို့ စိမ့်ဝင်သွားလေသည်။ အသံတိတ်ရှိုက်ငိုမိသည်။ သူ့ကို ကိုကို မုန်းသွားမှာ ရွံသွားမှာ သူမလိုချင်ဘူး။ ဒီညရဲ့ အကြောင်းအရာကို ကိုကိုမမှတ်မိသည့်တိုင် သူကတော့ မှတ်မိနေတာမို့ မိမိကိုယ်ကို မုန်းတီးရွံရှာနေမိတော့သည်။
မနက်ခင်းကလည်း စိတ်ညစ်ညူးမှုတွေနဲ့ နိုးထလာရသည်။ ကိုကိုသည်လည်း သူ့အခန်းထဲမှ ထွက်မသွားသေးပေ။ သူ့ကို ခွလျက် အိပ်ပျော်နေရှာသည်။ ကိုကို့ရဲ့ ပါးပြင်က အနည်းငယ်မျှ ပန်းရောင်သမ်းပြီးတော့ ခရမ်းရင့်ရောင် သွေးကြောလေးတွေပင် မြင်နေရလေသည်။
YOU ARE READING
HIS [COMPLETE]
Romance📍လုံးဝ(လုံးဝ) စာအုပ်မထုတ်ပါ။ BL × Romance × Own Creation Complete × [Unicode + Zawgyi] Start Date - July 25, 2021 [SUN] End Date - September 15, 2021 [WED]