-၄-

702 60 0
                                    

အခန်း(၄): ကိုကို့မှာ ချစ်ရသူနဲ့......

ဖုန်တလုံးလုံးကြားထဲမှာ ပြေးလွှားပြီး ရှာနေတဲ့ ဒီကောင်လေးက တဆိတ်.....သနားချင့်စဖွယ်ကောင်းလှသည်။

သူ အမှန်တကယ်ဆို မလာလိုက်ခဲ့သင့်ပေ။ သူမှ ဒီကောင်လေးအပေါ်မှာ မျက်နှာချင်းမဆိုင်ချင်ဘဲ။ မဆိုင်ချင်တာထက် မဆိုင်ရဲတာက ပိုပြီး များမယ်ထင်တာပါပဲလေ။

ဟိုမှာကျောင်းတက်နေစဉ်အတောအတွင်း သတိရမိပေမယ့် လွတ်လပ်တဲ့ကျောင်းသားဘဝမှာ တကယ်အနေကြာသလိုဖြစ်လာတော့ အတိတ်တွေကိုတောင် ပြန်ပြောင်းပြီး တွေးတောမနေချင်ခဲ့ပါချေ။

ထိုကောင်လေးခမျာ ယခုကဲ့သို့ မိမိအား သွေးရူးသွေးတန်းရှာနေတာကို မြင်ရတော့လည်း တကယ်ကိုပဲ ရင်နာနေမိသား။ အကယ်၍ သူသာမလာခဲ့လျှင် ယခုကဲ့သို့ ဖြစ်နေလိမ့်မည်မဟုတ်ဟု တွေးနေမိသည်။

"သွားရအောင်!"

ရုတ်တရက် ပခုံးကို အပုတ်ခံလိုက်ရတာကြောင့် အတွေးတွေက လက်ရှိအချိန်ကို ပြန်လည်ချဉ်းကပ်လာလေသည်။

"အင်း...."

ငယ်ပေါင်းကြီးဖော် သူငယ်ချင်းဖြစ်သူ စွမ်းပြည့်ဟိန်းသည်လည်း သူနှင့်အတူ တစ်ကျောင်းတည်းမတက်ရသော်ငြား အကူအညီတစ်ခုခုလိုတာမျိုးဆိုလျှင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ကူညီပေးတတ်စမြဲပေ။ ယခုလည်း မေမေတို့မသိအောင် ခိုးပြန်လာ၍ အကြည်ဓာတ်ကို လာတွေ့တာ ဖြစ်သော်ငြား အမှန်တကယ်တမ်းတွင်တော့ စာလေးတစ်‌ကြောင်းသာပါသည့် စာတစ်စောင်ကိုသာ တဆင့်ပေးခဲ့ရသည်။ သူ့ကိုယ်သူ နောင်တရစိတ်ကလေးတော့ အနည်းငယ်မျှ ဝင်မိတော့သည်။

"ဘာလို့ မတွေ့လိုက်တာလဲ?"

"ဒီတိုင်း.....ပါပဲ....."

စွမ်းပြည့်က ကားကိုသာ တစိုက်မတ်မတ်မောင်းနေတာကြောင့် သူ့နှာဖျားတို့ ရဲနေခြင်းကိုတော့ မြင်မည်မထင်ပါလေ။ သူလည်း စိတ်မကောင်း၍ ငိုခြင်းပါပဲ။ အမှန်တကယ်ကို အဖြူရောင်သပ်သပ်ပါ။

"မနက်ဖြန်အတွက် စာတွေက ပိုင်ပြီလား?"

"အင်း!"

HIS [COMPLETE]Where stories live. Discover now