-၂၀-

578 34 2
                                    

အခန်း(၂၀):မှဲ့စွန်းကြည့်ကြမလား???

ကျွန်တော့်စကားကိုကြားတော့ ပြူးကျယ်ဝိုင်းစက်သည့် မျက်လုံးတွေနှင့် ကြည့်လာသည့်ကိုကို....။ ဒီမျက်ဝန်းတွေက ကြယ်ရောင်တွေ တောက်ပနေသလိုပဲ။ သူ့စိတ်အာရုံကို အဆုံးအစွန်ထိ ပြုစားနိုင်တယ်။

"မင်း....မင်း!...ဒီလို....နားရှက်စရာကောင်း‌တာတွေကို....!!"

ကတုန်ကယင်နိုင်လှသည့် ပြတ်တောင်းပြတ်တောင်းအသံကြောင့် သူ တကယ်ပင် အော်ရယ်မိလိုက်သည်။

"အာ....ကျွန်တော်က ‌ဒီတိုင်း နောက်တာပါ ကိုကိုရာ...."

"မင်း!!!!"

"တကယ်ကိုနောက်တာပါ...."

"ဖယ်တော့! ငါ့ပေါ်ကနေ"

လက်တွေကို ဖိထားရင်းမှ ငုံ့မိုးကြည့်ရင်းပြောနေတာကြောင့် ကိုကို့မျက်နှာနှင့် သူ့မျက်နှာကြား အကွာအဝေးဟာ လက်မအနည်းငယ်မျှသာ ဝေးတော့သည်။ နိမ့်ချည်မြင့်ချည်ဖြစ်နေသည့် ရင်ဘတ်တွေဟာ တစ်ချက်တစ်ချက်၌ ပွတ်သီကာသီဖြင့် ထိစပ်သွားရသည်။

"ကိုကို....."

"ဘာလဲ? ဖယ်ပြီးမှပြော...."

"ကိုကို ကျွန်တော့်ကို.....အမြဲတမ်း အကြည်လို့ပဲ ခေါ်နေတော့မှာလား?"

"ဟမ်?"

"......"

"ဖယ်ပေးဆိုကွာ...အသက်ရှူကြပ်နေပြီ"

"ကျွန်တော့်ကို.....မောင်လို့ ခေါ်ကြည့်ပါလား?"

"ဟမ်!?"

ကိုကို့အသံက အနည်းငယ်မျှ ကျယ်လောင်စွာထွက်လာ၏။ သူ့နားထဲတွင် စီကနဲတောင် ဖြစ်သွားရသည်။ သူ ကိုကို့ကို အနိုင်မကျင့်ချင်ဘူးဆိုပေမယ့် ယခုလောလောဆယ်တော့ သူ တကယ်အနိုင်ကျင့်‌နေချင်မိတယ်။

"ခေါ်....ပေးမလား?"

သူ့အသံတိုးတိုးကြောင့် ကိုကိုက သူ့မျက်နှာအား သေချာစွာစိုက်ကြည့်လာသည်။

"ငါ.....မ..."

"ဟုတ်ပါပြီ....."

ဆက်၍ အနိုင်ကျင့်မနေချင်တော့တာကြောင့် သူ ကိုကို့ခန္ဓာကိုယ်ထက်မှ ဖယ်လိုက်ပြီးနောက် အိပ်ယာထက်မှ ထလိုက်သည်။ အိပ်ချင်စိတ်က အလျဉ်းမရှိသေး၍ သူ့အခန်းထဲသို့ သွားကာ iPadယူရန် ဆုံးဖြတ်ပြီး အိပ်ယာထက်မှထလိုက်သော်ငြား ကိုကိုက သူ့လက်ကို ဖျတ်ခနဲ ဆွဲကိုင်လာ၏။

HIS [COMPLETE]Where stories live. Discover now