အခန်း(၁၀):ဝမ်းမနာသားလေးနှစ်ယောက်ကောက်ရခြင်း
~ Indirect kiss? ဒါ ဘာကိုပြော....~
"အဟွတ်! အဟွတ်! အဟွတ်!!!!!"
သဘောပေါက်သွားချိန်တွင် ပါးစပ်အတွင်းမှ bubble teaတွေဟာ နှာခေါင်းပေါက်မှတဆင့် ထွက်ကျလာသည်။
"ကိုကို....ကိုကိုရရဲ့လား?"
"အဟွတ်!!! ရ...တယ်...အဟွတ်!!!!"
သူ့နောက်ကျောကို ခပ်ဖွဖွပုတ်ပေးနေတဲ့ ကောင်လေး၏လက်တွေကို ပုတ်ချပစ်ပြီး အခန်းဆီကို ပြန်လာခဲ့သည်။ အခန်းတံခါးပိတ်ပြီးနောက် မှီ၍ ငုတ်တုတ်ထိုင်လိုက်သည်။
~မင်းဘိုးအေကို Indirect kissနေလိုက်အဲ့မှာ!!!~
စိတ်တိုတိုနှင့်တွေးမိနေပေမယ့် BDညတုန်းက ကိစ္စက ခေါင်းထဲသို့ ပြန်ရောက်လာတာကိုတော့ သူငြင်း၍ မရပေ။
နူးညံ့သော....
စွတ်စိုသော....
ပြီးတော့ ကတုန်ကယင်နိုင်လှသော အနမ်းကြောင့် သူကိုယ်တိုင်ပင် ကတုန်ကယင်ဖြစ်ခဲ့ရတာကို ပြန်အမှတ်ရသွားမိတာကြောင့် မိမိနှုတ်ခမ်းတို့ကို လက်ဝါးဖြင့် ပြန်ဖိအုပ်ထားမိသည်။
"မဖြစ်တော့ဘူး!!!ငါ သက်ထားကိုပဲ တန်ဖိုးထားရမှာ!!!ဘာကိစ္စ စိတ်က ယိုင်ချင်နေရတာလဲ!"
မိမိကိုယ်ကို ပြန်လည်ဆုံးမပြီးနောက် မွေ့ယာပေါ်မှာ ဝမ်းလျားထိုးမှောက်ချပစ်လိုက်သည်။ ဗိုက်က အင့်နေ၍ ချက်ချင်းတော့ အိပ်မပျော်ပါချေ။ နာရီဝက်လောက်ကြာမှ တဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။
အိပ်မက်ထဲတွင်လည်း ထိုကောင်လေးနှင့် တရှိုက်မက်မက်နမ်းနေသည်ဟု မက်နေခြင်းကြောင့် လန့်နိုးလာရသေးသည်။ ကယောင်ကတမ်းအိပ်မက်တွေက ကြောက်စရာကောင်းလွန်းလှသည်။
မနက်ခင်း သူနိုးလာတော့ အကြည်ဓာတ်က ထမင်းဟင်းများပင် ချက်၍ ပြီးစီးနေချေပြီဖြစ်သည်။ မျက်နှာသစ်ရန် ရေချိုးခန်းအတွင်းသို့ ဝင်လာပြီး သွားတိုက်ရန် သွားတိုက်တံကို ယူလိုက်သည်။
"ဘယ်ဟာက ငါ့ဥစ္စာပါလိမ့်?"
ပုံစံတူပြီး အရောင်ပဲကွဲတဲ့ သွားတိုက်တံကြောင့် အပြင်ဘက်သို့ တစ်ခေါက်ပြန်ထွက်လာရပြန်သည်။
YOU ARE READING
HIS [COMPLETE]
Romance📍လုံးဝ(လုံးဝ) စာအုပ်မထုတ်ပါ။ BL × Romance × Own Creation Complete × [Unicode + Zawgyi] Start Date - July 25, 2021 [SUN] End Date - September 15, 2021 [WED]