-၂၅-

495 33 2
                                    

အခန်း(၂၅):ပြတ်တောက်နေသည့် စကားစုလေး

"မောင်....."

ဆေးရုံဝန်းအတွင်း ဝင်လျှင်ဝင်ခြင်းပဲ ကလေးတစ်သိုက်က ကောင်ချောလေးအား 'မောင်'ဟု ခေါ်လျက် ပြေးဖက်ကြလေသည်။ ထို့နောက် အသစ်ထပ်မံလုပ်ထားပုံပေါ်တဲ့ ပန်းခွေတစ်ခုကို ခေါင်းပေါ်တင်ပေးပြီးနောက် ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ ပန်းစည်းတစ်စည်းကို ပေးလေသည်။

"ကယ်.....စိုင်းနဲ့ဆုန်ဆုန်...မနေ့ညက ဆေးသောက်ရဲ့လား ပြောပါဦး"

"သောက်တာပေါ့! မားမားကတောင် ဆုန်ဆုန့်ကို မောင်ပေးထားတဲ့ အိုဗာတင်းဖျော်တိုက်သေးတယ်လေ"

သူ့ကိုယ်သူ ဆုန်ဆုန်ဟု ပြောနေသည့်ကလေးမလေးဟာ ပါးချိုင့်လေးနှစ်ဖက် ခွက်ဝင်သည်အထိ ပြုံးရယ်ရင်းပြောလာလေသည်။

"ကဲ...စိုင်းကရော..."

"ကျွန်တော်လည်း သောက်ပါတယ်ဗျ"

ထိုကောင်လေးကတော့ မျက်မှောင်ကြုံ့လျက် ခပ်စူးစူးအသံဖြင့်အော်သည်။

ဆုန်ဆုန်ဆိုသည့် ကလေးမလေးက သူ့အား မော့ကြည့်လာပြီးနောက် ကောင်ချောလေး၏ နား,နားကို ကပ်သွားကာ လက်ဝါးတစ်ဖက်ဖြင့် ကာ၍ ခပ်တိုးတိုးမေးလေသည်။ ခပ်တိုးတိုးဆိုပေမယ့် ထိုအသံကို ကောင်ချောလေးအပြင် သူနှင့် စိုင်းဆိုသည့်ကလေး‌ပါ ကြားနိုင်သည်။

"‌မောင်ပြောတဲ့ ဒေါက်တာအသစ်ဆိုတာ ဒီလူကြီးလား?"

ထိုအခါ ကောင်ချောလေးက သူ့အား ပြုံးရယ်နေသည့်ပုံစံဖြင့် မော့ကြည့်လာပြီးနောက် ဆုန်ဆုန်ဆိုသည့်ကလေးမလေးအနားသို့ကပ်၍ 'ဟုတ်တယ်'ဟု ဖြေလေသည်။ သူ ရယ်‌ချင်စိတ်ကို မနည်းဖိနှိပ်ထားရသည်။ တကယ် လိုက်လည်းလိုက်တဲ့ ဆရာဝန်နဲ့ လူနာပါပဲ!

"သူ့ကို ဂေါ်ဇီလာဦးဦးလို့ ခေါ်လို့ရလား?"

ထိုဆုန်ဆုန်ဟာ သူ့ကို တစ်ချက်မျှ မော့ကြည့်ပြီးနောက် ကောင်ချောလေးအနားသို့ကပ်၍ မေးပြန်လေသည်။ ထိုအခါ ကောင်ချောလေးက တဟားဟားအော်ရယ်ပြီး ခေါင်းကိုရမ်းလျက် 'မရဘူးလေ'ဟု ပြန်ဖြေလေသည်။

"သူ့နာမည်က အကြည်‌ဓာတ်တဲ့! ကိုကိုအကြည်လို့ ခေါ်ပေါ့"

"မခေါ်ချင်ပါဘူး!! ဂေါ်ဇီလာဦးဦးလို့ပဲခေါ်မှာ"

HIS [COMPLETE]Where stories live. Discover now