-၁၉-

515 37 2
                                    

အခန်း(၁၉):ကိုကို့ကြောင့်....

"တွေ့ရအောင်"

မီးစိမ်းနေသည့်အကောင့်အား သူစာအနည်းငယ်ပို့လိုက်၏။

"ကောင်းပြီလေ"

သူမဘက်က ပြန်ပို့လာတာကြောင့် တွေ့နေကျ bubble teaဆိုင်၌သာ ချိန်းဆိုလိုက်၏။ ယခု‌တစ်ခေါက်တွင်မူ သူဟာ ဆိုင်အပြင်ဘက်ကို မျက်နှာမူထားတာကြောင့် သူမကတော့ ယခင်နေ့က ကိုကိုထိုင်ခဲ့သည့်နေရာ၌ ထိုင်လိမ့်မည်ဖြစ်၏။

နာရီဝက်ခန့်ကြာတော့ သူမနှင့်အတူ သူရဆိုသူလည်း ဝင်လာကြ၏။ သူမ၏ဗိုက်ဟာ မသိမသာလေးပင် ထွက်နေပြီဖြစ်၏။ မတွေ့ကြသည့်အတောအတွင်း အနည်းငယ်မျှလည်း ပိန်လှီသွားချေသည်။

"ပြောစရာရှိတယ်ဆို....ပြောလေ"

သူမဟာ မလိုင်ထနေသည့် နို့ပူပူကို တစ်ငုံမျှ သောက်လိုက်ချေသည်။

"လျော်ကြေး ဘယ်လောက်လိုချင်လဲ?"

သူ့မေးခွန်းကြောင့် သူရဆိုသူက မျက်လုံးတွေ တလက်လက်တောက်ပသွားချေသည်။ ကတုန်ကယင်ဖြစ်နေသည့် ထိုသူ၏လက်တွေအား သူမက ဆုပ်ကိုင်လိုက်ချေသည်။

"တစ်ရာ့ငါးဆယ်လောက်"

သူမက ခပ်တိုးတိုးပြောတော့ သူရဆိုသူက သူမအား စူးခနဲ တစ်ချက်ကြည့်၏။ တကယ်ပဲ သူမတို့အတွင်းရေးက ဘာများလဲ? သူကြားသည့် သတင်းတွေအရ သူရက သူမကို အတော်အတန်ချစ်မြတ်နိုးသည်ဟု သိထားရသည်မဟုတ်ပါလား?

"နှစ်ရာလောက်လိုချင်တယ်"

သူရ၏လေသံကျယ်ကျယ်ကြောင့် ဆိုင်ပိုင်ရှင်ကောင်လေးက သူတို့ဝိုင်းဘက်ကို ကြည့်လာချေ၏။

"သုံးရာပေးမယ်....ကျွန်တော်တို့ရှေ့ကို ပြန်ပေါ်မလာဖို့ အာမ ခံနိုင်လား?"

ထိုမေးခွန်းကိုကြားတော့ သူရက ခေါင်းကို တဆတ်ဆတ်ဖြင့် ငြိမ့်ပြ၏။သူမကတော့ ခေါင်းကို အနည်းငယ်မျှ ခါယမ်းလေသည်။

"ဒါဆို ကျွန်တော်တို့ စာချုပ်တစ်ခုလောက်တော့ ချုပ်မှ ဖြစ်လိမ့်မယ်"

အကြည်ဓာတ်က ထိုသို့ပြောတော့လည်း ထိုသူက ခေါင်းကို အဆတ်မပြတ်ငြိမ့်ဆဲ။

HIS [COMPLETE]Where stories live. Discover now