-၆-

649 52 0
                                    

အခန်း(၆): ကိုကို့အဖြေက ကျွန်တော်နဲ့တူတယ်

'သူ့မှာ ကောင်မလေး မရှိဘူးတဲ့'

ထိုမက်ဆေ့ခ်ျကို သူငယ်ချင်းဖြစ်သူထံ ခပ်မြန်မြန်ပို့လိုက်သည်။

ညက အကြည်ဓာတ်ရဲ့ ချောမောနေမှုအကြောင်းကို သူငယ်ချင်းဖြစ်သူ ရွှေရည့်ထံ ဖောက်သည်ချထားသည်မဟုတ်ပါလား?

'တကယ်? ငါတော့ အဲ့ကောင်လေးကို မြင်ဖူးချင်နေပြီ'

'သူကဟယ်....လုံးဝ ငါ့typeပဲဟာ....ငါ လုံးဝကို ကြွေ‌ဆင်းသွားတာ! အသံကလည်းနော် လုံးဝကို ဒယ်ဒီtypeပဲ ‌ဩရှရှလေးနဲ့ အရမ်းနားထောင်လို့ကောင်းတာ'

'အားးးးးးဒီတစ်ခေါက်ကျောင်းဖွင့်ရင် အဲ့ကောင်လေးက ငါ့အတွက်ပဲ'

သူငယ်ချင်းဖြစ်သူရွှေရည်၏စကားကြောင့် သက်ထားတစ်ယောက် လည်နင်သွားလေသည်။ အမှန်ဆို ဒီကောင်လေးကို သူအရင်တွေ့တာ မဟုတ်ပါလား?

'လုံးဝပါနော်! သူက ငါ့အတွက်ပဲ"

'အမလေး ဒီကောင်မကိုတော့ ငါတကယ်မနိုင်ဘူး'

သက်ထား အသံထွက်၍ပင် ရယ်မိလိုက်၏။ ဒါက သူမ ‌စနောက်နေခြင်းဆိုတာ ရွှေရည်လည်းသိပါ၏။ သူမ၏ အရာရာကို ရွှေရည်သိသည်။ သူမ၏ ပျော်ရွှင်မှုကအစ သူမ၏ပြဿနာအဆုံး ရွှေရည်သိပါသည်။

ရွှေရည်နှင့်သူမဟာ ဒီကျောင်းကို ရောက်မှ ခင်သည့်သူများဖြစ်၏။ ရွှေရည့်ထံ၌ သူမအပြင် အခြားသော သူငယ်ချင်းတွေရှိသေးသည်။ ထိုသူငယ်ချင်းတွေထဲ၌ မြတ်နိုးသာလည်း အပါအဝင်ဖြစ်သည်။ မြတ်နိုးသာသည် ချစ်စရာကောင်းသည့်ကောင်လေးဖြစ်၏။ ရွှေရည်၏ သူငယ်ချင်းအဖွဲ့ထဲမှ ကောင်လေးတွေဆိုလျှင် နိုးသာအား တွဲရန် တတွတ်တွတ်ပြောကြခြင်းဖြစ်၏။ သူနှင့်နိုးသာခင်ပြီးနောက် ညစဉ်စကားတချို့ပြောကြ၏။ ထို့နောက် ထင်မှတ်မထားဘဲ ကိုယ်ကျိုးအတွက် သူမ နိုးသာနှင့် တွဲချပစ်လိုက်ရသည်။

'သက်ထား....'

'အေး'

'အဆင်ပြေတယ်မလား? နိုးသာမိဘတွေကလေ'

'အင်း ပြေတာထက်ကို ပိုပါတယ်'

'အင်းအင်း'

HIS [COMPLETE]Where stories live. Discover now