-၂၃-

460 28 0
                                    

အခန်း(၂၃):တစ်စုံတစ်ယောက်ကို မှတ်မိဖို့ အချိန်တွေအကြာကြီး ယူခဲ့ရတယ်

နောက်ကျောကိုစိုက်ဝင်လာသည့် မှန်ကွဲစတွေထက် သူ့ရင်ခွင်ထဲမှ ချစ်ရသူကို ထိခိုက်သွားမည်လားဆိုတဲ့အတွေးက သူ့ကို ပို၍ စိတ်ပူစေသည်။ ရင်ခွင်ထဲ၌ တင်းကြပ်နေအောင် ဖက်တွယ်ထားသော်ငြား လုံလောက်သော လုံခြုံမှုကို မပေးနိုင်သည့်အတွက် သူ လွန်မင်းစွာ စိတ်ပျက်နေမိသည်။

ကားဟာ လမ်းမထက်၌ ဘေးတိုက်လဲကျသွားပြီးနောက် ကတ္တရာလမ်းမနှင့် အ‌ကွာအဝေးအနည်းငယ်ထိ ပွတ်ဆွဲသွားသောကြောင့် သူ့ရင်ခွင်ထဲမှကိုကိုဟာ ‌အောက်ဘက်သို့ ပြုတ်ကျသွားခဲ့လေသည်။ Safety beltကို ပတ်မထားခိုင်းမိသည့် သူ၏အပြစ်လုံးလုံးသာ။

ကားအောက်ခြမ်းရှိ ကိုကိုဟာ ပွန်းပဲ့ဒဏ်ရာမျှသာရရှိနေသော်ငြား ထိုဒဏ်ရာလေးတွေမှ စိမ့်ထွက်လာသည့် သွေး‌စသွေးနလေးတွေသည်ပင် သူ့အား သွေးပွက်ပွက်ဆူသွားသည်အထိ စိုးရိမ်ရေမှတ်အား မြင့်တက်သွားစေသည်။

သစ်ပင်တစ်ပင်အား ဝင်ဆောင့်၍ အရှိန်ရပ်သွားပြီးနောက် သူ Safety beltကို ဖြုတ်လိုက်ပြီး အောက်ဘက်ရှိ ကိုကို့အား ဆွဲပွေ့၍ စောင်းလျက်လဲနေသည့် ကားအပေါ်ပိုင်းမှ တနည်းအားဖြင့် သူတို့ထိုင်ခဲ့သည့်ခုံ၏ဘေးမှ ကွဲနေသည့် မှန်မှတဆင့် အပြင်သို့ တွန်းထုတ်လိုက်သည်။

ကားအတွင်းမှ ဒဏ်ရာရရုံပဲရပြီး မသေမပျောက်ရှိသေးသည့် လူတွေဟာလည်း ကားအတွင်းမှ အလျှိုလျှိုထွက်လာကြ၏။အချို့မှာ လက်ကျိုးလျက်၊ အချို့မှာ ခြေထောက်တွေထော့နင်းဖြစ်လျက်၊ အချို့မှာ ဦးခေါင်းထက်မှ သွေးတွေစီးကျလျက်၊ အချို့မှာတော့ သေဆုံးလျက်။

သူ ချီပိုးထားသည့်ကိုကိုဟာ ယခုထိတိုင် သတိပြန်လည်မလာသေးချေ။ ဦးခေါင်းနောက်ဘက်မှ တဆစ်ဆစ်နာနေသည့်နေရာကို မမှီမကမ်းဖြင့် စမ်းကြည့်တော့ ခပ်ချွန်ချွန်အရာတစ်ခုဖြစ်နေချေ၏။ ဒဏ်ရာဟာ သိပ်နက်ပုံမရတာကြောင့် ထိုအရာကို ဆွဲထုတ်ပစ်လိုက်တော့ သွေးတွေက ဒလဟောပင်စီးကျလာပြီး ကိုကို့ဆံပင်အချို့ကိုပါ ညစ်ထေးသွားစေသည်။

HIS [COMPLETE]Where stories live. Discover now