-၈-

583 53 7
                                    

အခန်း(၈):တတိယလက်ဆောင်

မျက်စိရှေ့မှာ မြင်နေရတဲ့ ကြာကန်ကို သူ မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။ဒါက သူ့အတွက် အထူးတလည် ပြင်ဆင်ထားတဲ့ မွေးနေ့လက်ဆောင်တဲ့လား? ဒါက ကြိုသိထားတဲ့အရာဆိုပေမယ့် သူ့စိတ်ကို ဝမ်းနည်းအောင်ပြုလုပ်နိုင်သေးသည်ပင်။ ဘဝမှာ ထိုမျှအထိ ရိုးစင်းပြီး တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကို မရဖူးခဲ့ပါချေ။

ဝဲတက်လာသည့်မျက်ရည်တို့ကို မျက်တောင်ဖြင့် ပုတ်ခတ်လိုက်ပြီးနောက် ကန်ထဲသို့ဆင်း၍ ပန်းတွေခူးလိုက်သည်။အမှတ်တမဲ့ပြန်လှည့်ကြည့်မိတော့ ထိုကောင်လေးက သစ်ပင်ကိုမှီ၍ မိမိကို ကြည့်နေခြင်း။ လေအဝေ့မှာ လွင့်သွားတဲ့ ထိုကောင်လေး၏ ဆံနွယ်ဘုတ်သိုက်ကလေးကအစ ကြည့်ကောင်းလှသည်။

ထိုညနေက စကားတွေတအားပြောမိပြီးနောက် မထင်မှတ်ဘဲ ထိုကောင်လေးကို မိမိအဆောင်မှာ လိုက်နေခွင့် ပြုမိလိုက်သည်။

အဆောင်?

တကယ်က အဆောင်ဟု ပြောသော်ငြား တိုက်ခန်းတစ်ခန်းသာဖြစ်လေသည်။ ထိုတိုက်ခန်း‌လေး၌ သူတစ်ယောက်တည်း နေထိုင်ခြင်း....။ ထို့ကြောင့် စွမ်းပြည့်ဟိန်းသည်ပင် အစက လာနေရန် တိုင်ပင်ဖူးသေးသည်မဟုတ်လား?

ထိုကောင်လေး၏ မိမိအပေါ်စိတ်ထားကို သိသော်ငြား နေခွင့်ပြုမိလိုက်သည်။

~မြတ်နိုးသာ! မင်း တကယ်ရူးသွားပြီ!!!~

ထိုအတွေးက အိမ်ပြန်လာသည့် တစ်လျှောက်လုံး ကပ်ငြိလာလေသည်။ ခူးလာသည့် ကြာပန်းတွေကို တစ်ယောက်တစ်ဝက်ခွဲပြီးနောက် အိမ်မှ ဘုရားအိုးတွင် ထိုးလိုက်သည်။

လုပ်စရာမရှိတော့၍ ဖုန်းဖွင့်ကြည့်လိုက်သည်။ နောက်ထပ် နှစ်ပတ်လောက်နေလျှင် သူ ကျောင်းတက်ရတော့မည်ဖြစ်သည်။ ယခုတစ်ခေါက်တွင်တော့ သူ၏ တိုက်ခန်းမှာ သူတစ်ယောက်တည်းမဟုတ်တော့ပေ။ မာနကြီးကြီးနဲ့ စကားပြတ်ပြတ်ပြောတတ်သည့် ထိုကောင်လေးပါ နေလိမ့်မည်။ ထိုကောင်လေးက မိမိကိုတော့ ဟာသတွေပြောရင်း တဟားဟားအော်ရယ်နေလိမ့်မလား? ထိုအတွေးကြောင့် သူသည်ပင် အနည်းငယ်မျှ ပြုံးမိလိုက်သည်။

HIS [COMPLETE]Where stories live. Discover now