-၇-

608 48 2
                                    

အခန်း(၇):အပြာရောင်စာအိတ်ကလေးတွေမှတဆင့်

ရယ်လိုက်လျှင် ပေါ်လာသည့် တစ်ဖက်တည်းသော ပါးချိုင့်လေးက ထိုမျှအထိ နှစ်လိုဖွယ် ကောင်းရသလား????

မိမိမျက်နှာရှေ့တွင် လက်ညှိုးတစ်ချောင်းထောင်ပြီး 'ပြောပြီးစလစ်နံပါတ်တစ်'ဟု ‌ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည့် ကောင်လေး၏ မျက်နှာတွင် အနည်းအကျဉ်းမျှသော ရှက်သွေးသွမ်းမှုများကို သူ ဖမ်းဆုပ်မိလိုက်ပါသည်။

သူက အသံထွက်သည်အထိ ရယ်မော‌မိတော့ ထိုကောင်လေးကပါ သွားစွယ်ဖြူဖြူတွေ ပေါ်သည်အထိ ရယ်မောလေသည်။ ပယင်းရောင်မျက်ဝန်း‌တွေ မှေးမှိတ်သွားသည်အထိ။ နှုတ်ခမ်းဖျားတွေ ကော့ညွတ်သွားသည်အထိ။ ဤသည်မှာ မိမိရှေ့တွင်သာ ဖော်ပြလေ့ရှိတဲ့ ထိုကောင်လေးရဲ့ အပြုအမူပဲဖြစ်လေသည်။

"ကိုကို....."

အရယ်ရပ်သွားတော့ ထိုကောင်လေးက ခပ်တိုးတိုးခေါ်လာ၏။ မျက်နှာကတော့ ခပ်ပြုံးပြုံးဖြစ်နေဆဲပဲ။

"အင်း....."

"ကျွန်တော်ကျောင်းတက်ရင်လေ....တကယ်ပဲ ကိုကိုနဲ့ လာနေလို့ မရဘူးလား?"

ထိုကောင်လေးရဲ့မျက်ဝန်းတွေက အနည်းငယ်မျှ သနားချင်စဖွယ်ကောင်းလှလေသည်။

"မရဘူး"

လုံးဝ ယတိပြတ် ငြင်းလိုက်သည့်ကိုကိုကြောင့် အကြည်ဓာတ်မှာ ဆက်ပြောလိုသည့် စကားလုံးများကို လည်ချောင်းထဲမှာပင် အတင်းပြန်မြိုချလိုက်ရသည်။

"ကိုကို့မွေးနေ့ကျရင်လေ.....ကျွန်တော်နဲ့ တနေရာ လိုက်ခဲ့လို့မရဘူးလား?"

"ဘယ်ကိုလဲ?"

"ဒီလိုပါပဲ....တနေရာရာပေါ့"

ကိုကိုက မနိုင်ဘူးဆိုတဲ့ဟန်နဲ့ ခေါင်းကို ခပ်ဖြည်းဖြည်းရမ်းလေသည်။

နောက်တစ်ပတ်‌ကျော်လောက်နေရင် ရောက်တော့မည့် ကိုကို့မွေးနေ့အတွက် သူ လွန်ခဲ့တဲ့ နှစ်တွေကတည်းက အထူးတလည် ပြင်ဆင်ထားသည့် လက်ဆောင်ကို ပေးချင်သည်။ သူကိုယ်တိုင်လည်း သဘောကျသလို ကိုကိုလည်း သဘောကျလိမ့်မည်လို့ ထင်သည်။

HIS [COMPLETE]Where stories live. Discover now