-၂၄-

444 35 2
                                    

အခန်း(၂၄):တစ်စုံတစ်ယောက်အပေါ်မှာ Cheatလုပ်မိခြင်း

အချိန်တွေက ဒီရေတိုက်စားသလို အလွန်လျင်လျင်မြန်မြန်နဲ့ ကုန်ဆုံးတတ်တယ်ဆိုတာ ဒီ(၈)နှစ်တာက သက်သေပဲဖြစ်၏။

သူ၏ကောင်လေး သူ၏ချစ်ရသူ သူ၏အမျိုးသားငယ်ကို မတွေ့ရသည်မှာ ကိုးနှစ်ပင် ပြည့်လုပြည့်ခင် ဖြစ်နေပြီ။

လက်ထဲမှ ကိုင်ထားသည့် ကော်ဖီခွက်အတွင်းမှ ကော်ဖီတွေက အေးစက်စက်ဖြစ်သွားသည်အထိ သူ ရောက်တတ်ရာရာတွေးတောနေမိသည်။

ယနေ့ သူတို့ဆေးရုံကို နိုင်ငံခြားပြန်ဆရာဝန်ပေါက်စလေးတစ်ဦးလာမည်ဟု ကြားထားသည်။မည်သူမည်ဝါဆိုတာ သူ စိတ်မဝင်စား! ဒီလိုပဲ....! ရောက်လာလိုက် ပြန်သွားလိုက်နှင့် နှောင်ကြိုးတွေက ပြတ်သွားတတ်စမြဲမို့ သူ သိပ်ပြီး သံယောဇဉ်မတွယ်ချင်တော့တာဆိုရင်လည်း မှန်ပါမည်။

ဘက်စုံသုံး ဂျစ်ကားအစိမ်းလေးအား ဆေးရုံစောင့်ဦးလေးက စက်နှိုးနေတော့ ထိုဆရာဝန်ပေါက်စလေးကို သွားကြိုမည်ဆိုတာ သူ သိလိုက်ပါသည်။ ထိုပေါက်စသည်လည်း သူ့တုန်းကလိုပဲ တောင်ဆင်းတောင်တက်လမ်းတွေကို အသဲအေးမတတ် ကြောက်နေဦးမလားလို့ တွေးမိတော့ ပြုံးမိပြန်သည်။

"မောင် ဘာတွေပြုံးနေတာလဲ?"

ငါးနှစ်အရွယ်လူနာလေးဟာ သူ့လက်ကိုဖက်တွယ်လျက် မေးလာ၏။ ယခင်က ဒီဆေးရုံတွင် သူ၏ရှစ်နှစ်အရွယ် လူနာမလေးကသာ သူ့ကို မောင်ဟု ခေါ်တာဖြစ်ပြီး ယခုတွင်တော့ အရွယ်ရောက်ပြီး လူနာများမှလွဲ၍ ကျန်လူနာကြီးကြီးငယ်ငယ်တို့ဟာ သူ့အား မောင်ဟု ခေါ်ကြလေတော့သည်။

"ဒီဆေးရုံကို ဒေါက်တာအသစ်ရောက်မယ်တဲ့ ဆုန်ဆုန်...ပျော်ရဲ့လား?"

"ဟင့်အင်း!!!!! သူရောက်လာရင်လည်း ဆုန်ဆုန်တို့က မောင်နဲ့ပဲနေမှာ...ဟုတ်တယ်မလား စိုင်း"

စိုင်းဆိုတာကလည်း ကလေးလူနာလေးပင်ဖြစ်သည်။ စိုင်းက ကိုးနှစ်မျှရှိပြီဖြစ်၏။ ဆုန်ဆုန်က ငါးနှစ်! လွန်ခဲ့တဲ့နှစ်နှစ်က သူ့ကို ပထမဆုံး မောင်ဟု ခေါ်ခဲ့သည့် နန်းက ယခုဆို ဆယ်နှစ်ရှိပြီဖြစ်သည်။ ကလေးလူနာတွေဟာ ကျန်သည့်ဒေါက်တာတွေထက် သူ့ကိုပို၍ ခင်တွယ်ကြသည်တဲ့လေ။ ကလေးနဲ့ တူလို့ဆိုပဲ....!

HIS [COMPLETE]Where stories live. Discover now