-၁၃-

526 44 0
                                    

အခန်း(၁၃):စိတ်ယိုင်အောင်လုပ်မယ့်ကောင်လေး

"ဟုတ်ပါပြီ....ကျွန်တော် အိပ်....."

ရုတ်တရက်ဆိုသလို ထိကပ်လာတဲ့နှုတ်‌ခမ်းတွေကြောင့် သူ၏အသက်ရှူသံတွေပင် ရပ်တန့်ကုန်ပြီလားဟု ထင်မှတ်မိလိုက်သည်။ ထိကပ်ရုံမျှအနမ်းလေးဟာ စက္ကန့်အနည်းငယ်အကြာမှာ ခွာပစ်လိုက်တော့ ရင်ထဲ၌ ဟာတာတာဖြင့်ကျန်ခဲ့ရသည်။

"ဟို...ကျွန်တော်...အဆင်သင့်မဖြစ်သေးလို့ နောက်ထပ်တစ်ခေါက်ပဲ ထပ်ပြီး....နမ်းပါ့မယ် နော်?"

ထိုစကားကို ကိုကိုဟာ ခေါင်းလည်းမငြိမ့်ခဲ့သလို ခေါင်းလည်းမခါ.....။ သူ၏ကိုကိုက ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်စွာဖြင့် သူ့ကို မော့ကြည့်နေခဲ့သည်။

ကိုကို့၏ ဝင်သက်ထွက်သက်တွေက သူ့လည်တိုင်ကို လာ၍ ရိုက်ခတ်လေသည်။ ကိုကို၏ပါးပြင်ကို လက်ခုပ်ထဲတွင် ထည့်ထားပြီးနောက် သူ့ရဲ့နှုတ်ခမ်းတွေကို ကိုကို့နှုတ်ခမ်းတွေပေါ်သို့ ထပ်တူကျစေလိုက်သည်။

စွတ်စိုသော အနမ်းတွေက အမှန်တကယ်ကိုပင် ရှည်ကြာတတ်မှန်း အခုမှ သူသိရသည်။ နွေးထွေးစွတ်စိုလှသော ဒီနှုတ်ခမ်းတွေကို သူ လွှတ်မပစ်ချင်။ ဒီနွေးထွေးမှုလေးကို ဖန်ပုလင်းလေးထဲထည့်ပြီး သွားလေရာသယ်ဆောင်သွားချင်စိတ်ဖြစ်မိသည်။

ကိုကိုက ကျွန်တော့်ရင်ဘတ်ကို တွန်းထိုးကာမှ ကိုကိုရောကျွန်တော်ပါ မောဟိုက်နေပြီဖြစ်ကြောင်းကို သတိရသွားသည်။

ကိုကိုက ကျွန်တော့်ပခုံးပေါ်ကို နဖူးအပ်ရင်း ခပ်တိုးတိုးဖြင့် အသက်ကို ရှူနေလေသည်။

"ကိုကို.....?"

"အင်း......"

"ကျွန်တော် ကိုကို့ကို ချစ်တယ်"

"အင်း.....ငါသိပါပြီ ထပ်မပြောပါနဲ့တော့"

ကိုကိုက သူ့ရင်ဘတ်ကို လက်သီးဖြင့် အသာထုရင်း ခပ်တိုးတိုးရယ်လေသည်။ ကိုကို့ခန္ဓာကိုယ်လေးက နွေးထွေးလျက်ရှိသည်။ကိုကို့ခန္ဓာကိုယ်ဆီကရတဲ့ အမွှေးနံ့ကို သူသဘောကျသည်။ ကိုကို့လက်ချောင်းတွေကို သွယ်ယှက်ခွင့်ရတာကိုလည်း သဘောကျသည်။

HIS [COMPLETE]Where stories live. Discover now