-ကိုကိုပြော..ကျွန်တော်က မကောင်းဘူးလား?-
"အေး မင်း အဲ့လောက် စိတ်မချဖြစ်နေလည်း ကွာရှင်းကြတာပေါ့!!!"
သစ်သားအိမ်ငယ်လေးအတွင်း ကိုကို့အသံသည် ဟိန်းထွက်လာ၏။
ယခုအခါ သူတို့သည် တောင်ပေါ်ဒေသရှိ ဆေးရုံပေါ်သို့ ပြန်ရောက်နေခြင်းဖြစ်ပြီး အတိအကျထပ်မံပြောရမည်ဆိုလျှင် ကိုကိုပိုင်သည့် အိမ်ငယ်လေးအတွင်း ထိုင်နေကြတာဖြစ်သည်။
"ကိုကို.."
သူသည် ခေါင်းငိုက်စိုက်ချ၍ ကိုကို့အား ခပ်တိုးတိုးခေါ်လိုက်သည်။ သူတို့သည် မေမေတို့ရှိရာ ဩဇီမှာ မဂ်လာတစ်ကြိမ်ဆောင်ခဲ့ပြီး မြန်မာပြည်မှာလည်း တစ်ကြိမ်ဆောင်ခဲ့ပြီးဖြစ်ပါ၏။ အခုဆို သူတို့အိမ်ထောင်သက်တမ်းက (၆)လကျော်ကျော်ထဲကိုပင်ရောက်နေပြီဖြစ်သော်လည်း သူသည် ကိုကို့အား နည်းနည်းလေးပင် စိတ်မချပါချေ။
ယခုအခါတွင် သူနှင့်ကိုကိုဟာ ဆေးရုံသွားရချိန် Wardတွေ မတူကြတော့။ ကိုကိုသည် ညပိုင်းတွေတာဝန်ကျသည်။ သူနှင့်ကိုကို အတူတူမအိပ်ဖြစ်ကြတာပင် တစ်လခွဲကျော်သွားပြီဖြစ်သည်။ သူသည် ကိုကို့အား အနမ်းဖွဖွမပေးရတာ အတော်လေးပင် ကြာပြီ။ မဟုတ်!! သူက ကိုကို့အား အမြဲတစေ အနမ်းပေးသော်လည်း တုံ့ပြန်အနမ်းမရတာ ကိုကို့ဘက်က စပြီး မနမ်းတော့တာ အတော်လေးကြာနေပြီဖြစ်၏။
အချိန်အားဖြင့် ည(၁၁)ခွဲတော့မည်ဖြစ်တာမို့ တောင်ပေါ်ဒေသ၏ အအေးဓာတ်က လွန်ကဲလာသည်။ အအေးဒဏ်ကြောင့်လား ဒေါသကြောင့်လား မသဲကွဲသော်လည်း ကိုကို့မျက်နှာနုနုဟာ အနီရဲရဲဖြစ်နေပါ၏။
"ကိုကို.. ကျွန်တော် တောင်းပန်ပါတယ်"
သူ မတောင်းပန်၍ မရ! သူဟာ တာဝန်ချိန်မှာ ကိုကို့အား ဆွဲခေါ်လာတာမို့လား! ကိုကိုက သူမဟုတ်တဲ့ သူစိမ်းလူနာအား ဆန်ပြုတ်ကျွေးနေတာကို သူ မြင်လိုက်ရတာမို့ သူ ဆွဲခေါ်လာခဲ့ရတာ။
"အကြည်ဓာတ်...!!"
ကိုကို့အသံ၌ စိတ်တိုင်းမကျခြင်းများ ပျော်ဝင်နေသလိုလို.....။ သူသည် ကိုကို့အား မော့မကြည့်ရဲ။ ယခုလေးတင် ကိုကိုက ကွာရှင်းဖို့ပြောနေတာမဟုတ်ဘူးလား? မတော်တဆ သူတို့ တကယ်ကြီး ကွာရှင်းလိုက်ရရင် ဘယ်လိုများ လုပ်ရပါ့မလဲ? အတွေးနဲ့တင် သူ မွန်းကြပ်လှပြီဖြစ်သည်။
YOU ARE READING
HIS [COMPLETE]
Romance📍လုံးဝ(လုံးဝ) စာအုပ်မထုတ်ပါ။ BL × Romance × Own Creation Complete × [Unicode + Zawgyi] Start Date - July 25, 2021 [SUN] End Date - September 15, 2021 [WED]