-၂၇-

530 33 2
                                    

အခန်း(၂၇):မနာလိုခြင်း

ညက မပိတ်မိသည့် ခေါင်းရင်းပြတင်းပေါက်မှနေ၍ နေရောင်ခြည်ဟာ တိုးဝှေ့ဝင်ရောက်လျက် သူ့ခန္ဓာကိုယ်ပေါ်သို့ အနှံ့အပြားကျရောက်‌နေသည်။ သူ ညက အသိစိတ်လွတ်၍ အတိတ်တွေကို ပြန်ပြောပြမိရုံမျှမက လက်က တက်တူးတွေကိုပါ ပြမိလိုက်သည်။ သို့သော် သူ၏ကောင်လေးက သူ့စကားတွေအား အကြွင်းမဲ့ ယုံကြည်နေခဲ့သယောင်။ လွမ်းနေခဲ့ရသော တောင့်တနေခဲ့ရသော အနမ်းတွေပင် ရရှိခဲ့ပြန်သည်။ သူ တကယ်ပဲ.....မျက်နှာပူနေမိပြန်သည်။ ရှစ်နှစ်ကျော်ကြာမှ ပထမဆုံး ပြန်နမ်းရခြင်းမို့ သူ မျက်နှာပူနေခြင်းများလား? မသိတော့။ သူ အိပ်ယာမှ ထလျက် ရေချိုးကန်ဆီသို့ ထွက်လာခဲ့လိုက်သည်။

မီးဖိုအတွင်းမှ အသီးအရွက်ကြော်ရနံ့ကြောင့် သူ၏ချစ်ရသူဟာ သူမနိုးလာခင်ကတည်းက နိုးနှင့်ပြီးသားဖြစ်လိမ့်မည်ထင်သည်။ ဒါက လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းကလို လတ်ဆတ်သည့် ငယ်ဘဝကို ပြန်ဆွဲခေါ်လိုက်သလိုပင် ခံစားရသည်။ မနက်တိုင်းမနက်တိုင်း ချစ်ရသူနှင့် နိုးထလာရတော့မည်ဆိုတဲ့အသိကြောင့် သွားတိုက်နေရင်းမှ ပြုံးမိပြန်သည်။ တကယ်ကို ဒီကောင်လေးကြောင့် သူ ရူးတော့မည်ထင်၏။

"အော....ကိုကိုက နိုးနေပြီလား?"

"အွန်း...."

ထမင်းစား စားပွဲ၌ ထိုင်လျှင်ထိုင်ချင်း ထိုကောင်လေးက ပါးချို့ခွက်ခွက်ကလေးပေါ်အောင် အားပါးတရပြုံးရင်း သူ့အား မေးလာ၏။ ဒါက သူ့ကိုရင်ခုန်စေတယ်ဆိုတာ ဒီကောင်လေးက မသိဘူးလား? အသီးအရွက်တွေနှင့်ကြော်ထားသည့် ထမင်းကြော်တချို့ကို ပန်းကန်နှင့် ထည့်လာပြီး သူ့နောက်ဘက်မှနေ၍ ထိုပန်းကန်အား စားပွဲပေါ်သို့ချလိုက်ပြီးသည်အထိ ထိုကောင်လေးဟာ နောက်ဘက်မှ ရှောင်ဖယ်ခြင်းမရှိ။ မိမိငယ်ထိပ်ပေါ်၌ သူ့မေးချွန်ချွန်ကို ဖိတင်ထားရင်းဖြင့် စကားတချို့ပြောလာပြန်သည်။

"ကျွန်တော် ညက အိပ်မက်မက်တယ်....."

"အွန်း...."

ထမင်းကြော်ပူပူအား မွှေရင်းနှောက်ရင်းဖြင့် စကားထောက်လိုက်တော့ ထိုကောင်လေးက မိမိခါးကို ဖက်တွယ်လာသည်။

HIS [COMPLETE]Where stories live. Discover now