-၁၄-

549 41 0
                                    

အခန်း(၁၄):ဘယ်တော့မှ.....

ထိုကောင်လေး၏ အပြုံးတွေက တောက်ပလွန်းတယ်။ထိုကောင်လေး၏ စိတ်လိုလက်ရအပြုံးများကို သူနှင့်မှ လွဲ၍ အခြားသူတွေနှင့်ပြုံးတာ တစ်ကြိမ်တစ်ခါပင် မမြင်ဖူးခဲ့ပါချေ။

ထိုကောင်လေးက ဘေးကသူငယ်ချင်းတွေကို နှုတ်ဆက်ပြီးနောက် ကျွန်တော်တို့ရှိရာသို့ လျှောက်လာလေသည်။ ထိုအခိုက်အတန့်လေးသည် စက္ကန့်အနည်းမျှသာ ကြာသော်ငြားလည်း ထိုကောင်လေး၏အကြည့်တွေက မိမိ၏ခန္ဓာကိုယ်တွင် စွဲကပ်နေသည်ဟုပင် ခံစားရ၍ ရင်ထဲ၌ အပူလှိုင်းလေးပင် ဖြတ်ပြေးသွားရချေသည်။

"မားမားသားလေးက သူငယ်ချင်းတွေတောင် ရသွားပြီပေါ့?"

ရွှေရည်က မျက်ရည်တို့ဝိုင်းနေသည့် မျက်ဝန်းတွေဖြင့် သူမ၏ ချစ်သားမျက်ရှုလေးကို အလွန်ကိုပင် နူးညံ့ချိုအီတဲ့ စကားလေးဖြင့် မေးလေသည်။

"အာ....ဟိုဘက်က ကောင်မလေးသုံးယောက်က အခုမှခင်တာပါ...ဒီဘက်ကနှစ်ယောက်က ဆယ်တန်းတုန်းကတည်းက သူငယ်ချင်းတွေ"

အကြည်ဓာတ်၏ ရှည်ရှည်ဝေးဝေးရှင်းပြမှုပြီးသွားတော့ ခန့်ပိုင်ပြည့်ဟိန်းက အနည်းငယ်မျှ ဝင်ဖောက်လိုက်သည်။

"အဲ့ဘက်ကကောင်လေးက အတောင့်အဖြောင့်လေးနော်"

ထိုအပြောကြောင့် မြတ်နိုးသာ သာမက တစ်ဖွဲ့လုံးလိုလို ထိုကောင်လေးဆီသို့ အကြည့်တွေ ရောက်သွားရရှာသည်။

ဟန်ဖြိုးဟိန်းကပါ 'ဟုတ်တယ် အညိုစင်နော်'ဟု ချွဲပျစ်လျက်ရှိတဲ့အသံနဲ့ ပြောလာတာကြောင့် တစ်ဖွဲ့လုံး တဟားဟားအော်ရီလိုက်သည်။ ဆော့ချဉ်ဆိုလျှင် ဟန်ဖြိုးဟိန်း၏ကျောကုန်းကို ဘုန်းခနဲမြည်အောင်ချရင်းရယ်လေသည်။

ဤနေရာမှာ တစ်ချက်သတိပြုစရာရှိသည်။ ရယ်မောချင်လျှင် ဆော့ချဉ်ဟု အမည်တွင်တဲ့ နေရီပိုင့်အနားမှာ ကပ်မနေဖို့ပါပဲ။ သူမက ရိုက်စရာလူမရှိလျှင်တောင် သူမပေါင်ကို တဖြန်းဖြန်းရိုက်၍ ရယ်တတ်သူမဟုတ်ပါလား? သူတို့အဖွဲ့တွင် ယောက်ျားလေး (၅)ယောက်ရှိပြီး မိန်းကလေး(၃)သာ ရှိသည့်အထဲတွင် မိန်းကလေး(၃)ယောက်က ခန့်ပိုင်၊ကောင်းထက်နှင့်ဟန်ဖြိုးထက်ပင် ကျားယားနေပြီး ထိုသကောင့်သားလေးသုံးကောင်ကတော့ မိန်းကလေးများနှင့် ဆန့်ကျင်စွာ နွဲ့နှောင်းလျက်ရှိသည်။

HIS [COMPLETE]Where stories live. Discover now