-၃၁-

594 29 0
                                    

Okay... This chapter has warning. So ဖတ်ချင်လည်းဖတ်ပါ or ကျော်ချင်လည်းကျော်ပါ😆 As it's your ရွေးချယ်မှု and don't blame me😚

-----

အခန်း(၃၁):ခွေးသားလေးနဲ့ ခွေးသားလေးရဲ့ယောက်ျား

မနက်ခင်းဟာ ငှက်ကလေးတွေ၏ ကျီကျီကျာကျာအသံဖြင့် ပြည့်နှက်လျက်ရှိပေ၏။နေပျောက်မထိုးသော်ငြား အလင်းသဲ့သဲ့က Tentအတွင်း ဝင်နေပြီမို့ သူ မျက်စိတွေကို ပွတ်သပ်လျက် အိပ်နေရာမှ ထထိုင်လိုက်၏။

ဘေးနားတွင် သူ၏ကောင်လေးဟာ ရှိမနေပါချေ။ Tent၏ ဇစ်အား ဆွဲချလိုက်တော့ အပြင်ဘက် မီးဖိုဘေး၌ သူ၏ကောင်လေးဟာရေနွေးအိုးတစ်အိုးတည်လျက်ရှိ၏။သူ့အား နောက်ကျောပေးလျက်ထိုင်နေခြင်းကြောင့် ဘာလုပ်နေသည်ကိုတော့ မသိပါချေ။

"မောင်....."

အိပ်ချင်မူးတူးအသံနှင့် အိပ်ယာထစအသံဟာ ရောထွေးနေတာကြောင့် အက်ရှနေခဲ့လျက်ရှိ၏။ သူ၏ ချစ်ရသူဟာ သူ့အား လှည့်ကြည့်လာ၏။ထို့နောက် မနက်ခင်းနေရောင်ခြည်လို လန်းဆန်းနေသည့်အပြုံးဖြင့် ပါးချိုင့်ခွက်ခွက်လေးပေါ်အောင် ပြုံးပြလာသည်။

"ကိုကို နိုးလာပြီလား?"

ခေါင်းငြိမ့်ပြတော့ သူ့အနားသို့လာရန် လက်ယပ်ခေါ်တာကြောင့် ထသွားလိုက်၏။ သူ၏ရှေ့၌ ကြာပန်းရောင်စုံနှင့် ပန်းကုံးလေးတစ်ခုဟာ လှလှပပကလေး ရှိနေခဲ့၏။

သူ၏ကောင်လေးဟာ သူအနားရောက်ရောက်ခချင်း လက်ကိုဆွဲချလိုက်တာကြောင့် ထိုကောင်လေးထက်သို့ သူဟာ ပြိုလဲကျသွားရ၏။ ထိုကောင်လေးဟာ အလိုက်သင့်ဖမ်းထားလျက် သူ့ရင်ခွင်အတွင်း နစ်မြုပ်မတတ် တင်းတင်းကြပ်ကြပ်ပင် ဖက်တွယ်လာပြန်သည်။ထို့နောက် ပါးပြင်ထက်သို့ ခပ်ကြမ်းကြမ်းကလေး နမ်းလာ၏။

"ကျွန်တော်တော့ အသဲတွေယားလို့ သေတော့မှာပဲ ကိုကိုရယ်....."

သူ့အား အသက်ရှူကြပ်မတတ်ဖျစ်ညှစ်လာ၏။

"အဟွတ်!!"

အကြည်ဓာတ်သည် အသက်ရှူကြပ်သွား၍ ချောင်းဆိုးမိလိုက်မှ လွှတ်တော့၏။ ဒါတောင် နားသယ်စပ်အား ဖိနမ်းလိုက်၊ ပါးကို ပေါက်ထွက်မတတ်နမ်းလိုက်၊ လည်တိုင်အားနမ်းလာလိုက် ဖြင့် အလုပ်ရှုပ်နေပြန်၏။ထို့နောက် နှုတ်ခမ်းတွေကို နမ်းလာမည်ပြုတော့ 'မျက်နှာမသစ်ရသေးဘူး'ဟုပြောမိ၏။ ထိုအခါ ထိုကောင်လေးက 'ထိရုံလေးပါပဲ'ဟုပြောလျက် အမှန်တကယ်ကို ထိကပ်ရုံမျှ နမ်းလာပြန်သည်။

HIS [COMPLETE]Where stories live. Discover now