ဟုတ်ကဲ့ Cucuပါ💚
ပထမဆုံးအနေနဲ့ နည်းနည်း လေကန်ပါ့မယ်😆
ကူ Hisကို ဖန်တီးတဲ့အချိန်ကနေစပြီး အခု လုံးဝပြီးသွားတဲ့အချိန်ထိဆိုရင် စုစုပေါင်း လေးလကျော်ကျော် ငါးလထဲမှာ ရှိပါလိမ့်မယ်။ ဒီငါးလအတွင်း အကြည်ဓာတ်ကို Cucu အရမ်းကို ချစ်ခဲ့တာပါ။ Cucuက Always Shou Teamပါ။ ဒါပေမယ့် ကိုယ်ဖန်တီးတဲ့ ဇာတ်ကောင်မှာတော့ အကြည်ဓာတ်ကို အရမ်းချစ်ပါတယ်။ ဇာတ်လမ်းတဝက်လောက်ရောက်တုန်းကဆို Cucu သူ့ကို အိပ်မက်တွေတောင် မက်တဲ့အထိပါပဲ။
Cucu ဇာတ်လမ်းလေးက အားလုံးအတွက် ဖတ်ရတာ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ ပြေချင်လည်း ပြေမယ်။ ဒါမှမဟုတ် ဖတ်လို့မရအောင် ဆိုးဝါးနေတာလည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် Cucu စစတုန်းက ပြောထားသလို ကိုယ်တိုင်ပြန်ဖတ်ဖို့ ရေးထားတာပါပဲ။ အပိုင်းအသစ်တင်တိုင်း အစကနေပြီး Cucu ပြန်ဖတ်ဖြစ်ပါတယ်။ အဲ့လောက်ထိ ကိုယ်ရေးတာကို သဘောကျပါတယ်။
ပထမဆုံးအနေနဲ့ ကျေးဇူးတင်ချင်တာကတော့ Cucuရဲ့ အမာခံစာဖတ်ပေးတဲ့သူကိုပါ😆။ Cucuရေးသမျှစာတွေ ထွက်သမျှPlotsတွေကို မညည်းမညူနဲ့ ထိုင်ဖတ်ပေးတာ သူပါပဲ။ သူအားပေးလို့လည်း Cucuအခုလိုမျိုး တင်နိုင်ခဲ့တာပါ။ အဲ့ဒီအတွက် သူ့ကို အရမ်းကျေးဇူးတင်ပါတယ်။
နောက်ထပ်ကတော့ စာဖတ်သူ အားလုံးအားလုံးကို ကျေးဇူးအရမ်းတင်ပါတယ်။ အခုဆို Cucuစာကို ဖတ်ပေးတဲ့သူ အယောက်(၈၀၀)ကျော်သွားပါပြီ။ သုညကနေ စလာလိုက်တာ အခုဆို တော်တော်လေးကိုပဲ များနေပါပြီ။ ဒါကြောင့် စာဖတ်သူတစ်ယောက်ချင်းဆီတိုင်းကို အရမ်းပဲ ကျေးဇူးတင်ပါတယ်။
နောက်ထပ် အထူးကျေးဇူးတင်ချင်တာကတော့ Votes and Commentsပေးကြတဲ့သူတွေကိုပါ။ Cucuသူတို့ကို အမြဲတမ်းသတိထားဖြစ်ပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်။ တချိန်ချိန်မှာ ကျေးဇူးဆပ်ခွင့်ရရင် Cucuကို ကျေးဇူးတင်ခွင့်လေး ပေးကြပါဦးလို့ ဒီနေရာကနေ မှာချင်ပါတယ်။
Extraရှိလားဆိုရင်တော့ ရှိပါမယ်။ ပြီးတော့ Side partsလေးတွေလည်း လာဖို့ရှိပါသေးတယ်။ သူရိန်ထွန်းရဲ့ အလွဲလေးတွေပေါ့လေ😆 ပြီးတော့ အကြည်ဓာတ်နဲ့မြတ်နိုးသာရဲ့ Extraက နောက်တစ်ပုဒ်နဲ့ ဆက်စပ်နေတာမို့ နောက်တစ်ပုဒ်တင်ပြီး ဆက်စပ်တဲ့အပိုင်းကိုရောက်တဲ့အခါ ဒီမှာပါ တဆက်တည်း တင်ပေးသွားမှာပါ။ Side partsလေးတွေကတော့ ဖြည်းဖြည်းချင်းမှ တင်ပါ့မယ်။
YOU ARE READING
HIS [COMPLETE]
Romance📍လုံးဝ(လုံးဝ) စာအုပ်မထုတ်ပါ။ BL × Romance × Own Creation Complete × [Unicode + Zawgyi] Start Date - July 25, 2021 [SUN] End Date - September 15, 2021 [WED]