Chapter - 11

2.7K 458 6
                                    

Unicode

၅၁၉။ သတ္တိရှိပါ
_____________

ဝေ့မင်က ဒီလိုအနစ်နာခံမှုမျိုးလုပ်လိမ့်မယ်လို့ နဉ်ရှုမျှော်လင့်မထားပါချေ။ သူက ဂိုဏ်းချုပ်အပြစ်ပေးတာခံလိုက်ရပြီး ရှေးဟောင်းသလင်းတွင်းကိုစောင့်ကြပ်ဖို့ အပို့ခံလိုက်ရသည်။

ဝေ့မင်က လက်ယမ်းပြသည်။

"သက်တန့်ဂိုဏ်းကလူတွေက မင်းကိုအထင်သေးတယ်ဆိုတာ ငါမပြောနိုင်ဘူးလို့များမင်းထင်နေလား? သူတို့ကလည်း စေ့စပ်ထားတာကို ပြန်ရုတ်သိမ်းချင်နေတာ၊ ဒါပေမယ့် ရှေးဟောင်းသလင်းတွင်းရဲ့ဝေစုမရမှာကြောက်လို့ အချိန်ဆွဲနေကြတာ။ ငါ သူတို့ကို ကျင့်ကြံခြင်းလမ်းညွှန်စာအုပ်ပေးတော့ သူတို့က မ‌ကျေမနပ်ဖြစ်နေကြသေးတာနဲ့ ငါလည်း ဒေါသနည်းနည်းထွက်လာပြီး လက်ထပ်ပွဲကို ရှေ့တိုးလို့ မင်းတို့နှစ်ယောက်ကိုမြန်မြန်လက်ထပ်ပေးမယ်လို့ပြောလိုက်တယ်။ ဒီတော့မှ အဲ့လူတွေ ချက်ချင်းပါးစပ်ပိတ်သွားတာ။"

သက်တန့်ဂိုဏ်းက သူတို့ဂိုဏ်းကအရည်အချင်းအရှိဆုံးတပည့်မကို ဒီမဟာမိတ်လက်ထပ်ပွဲအတွက်ရွေးထုတ်တယ်ဆိုတဲ့အချက်က သူတို့တွေက ဒီရှေးဟောင်းသလင်းတွင်းကို အတော်လေးဂရုစိုက်တာပြနေသည်။ သို့သော်ငြား သူတို့ရဲ့အရည်အချင်းအရှိဆုံးတပည့်မကို ဝေ့လျန်ယွဲ့လို အသုံးမကျတဲ့ကောင်စုတ်လေးဆီပေးလိုက်ရတာကို သူတို့ စိတ်ဒုက္ခရောက်မိဆဲဖြစ်၏။

ထို့အတွက် ဝေ့မင်က စေ့စပ်တာကို ဖျက်သိမ်းဖို့ပြောလာပြီး သက်တန့်ဂိုဏ်းကို လက်ထပ်ပွဲပြန်ရုတ်သိမ်းခွင့်ပေးလာတဲ့အခါမှာ သူတို့တွေက ဝေ့မင်ဆီကနေ အကျိုးအမြတ်အများကြီးရလိုက်သည်။ သို့သော်ငြား ခံရသူတွေလိုလုပ်နေတဲ့သူတို့နည်းလမ်းက အမှန်ပင်ရွံဖို့ကောင်းလှ၏။

အနည်းဆုံးတော့ သူမက ရှစ်ဟွေ့တိနဲ့ ဘာဆက်ဆံရေးမှမရှိတော့ပါချေ။ ရှစ်ဟွေ့တိက ရှဲ့ယွီနဲ့အတူရှိချင်တယ်၊ မရှိချင်ဘူးဆိုတာက မူလခန္ဓာရှင်နဲ့ ဘာမှမသက်ဆိုင်တော့ပေ။

သူမ မိန်းမတစ်ယောက်ကိုလက်ထပ်ရကာနီးဖြစ်သွားတယ်ဆိုတာကိုတွေးမိတဲ့အချိန်တိုင်း လက်ထပ်ရမယ့်သူက မိန်းမလှလေးဖြစ်သော်ငြား နဉ်ရှုကတော့ တစ်ကိုယ်လုံးကြက်သီးထလာဆဲပင်ဖြစ်၏။

Unparalleld Leveling (Realm - 8) [Myanmar Translation]Where stories live. Discover now