Chapter - 30

2.7K 485 7
                                    

Unicode

၅၃၈။ ငါ့မှာကာယအားတွေအများကြီးရှိတယ်
________________

ချမ်းသာတဲ့လူဆိုတဲ့အတိုင်း သူက သူ့သားရဲကို ဒီလောက်ကောင်းတဲ့အရာမျိုး တကယ်ပဲကျွေးနိုင်တယ်။ အာဏာရှိတဲ့အဖေတွေရှိတဲ့သူတွေက တကယ်ခေါင်းမာတာပဲ။

ကောင်းကင်ဥပဒေဂိုဏ်းက ဂိုဏ်းသားအများစုက ဝေ့လျန်ယွဲ့ကို မနာလိုကြဘူး။ လူတိုင်းက ကျင့်ကြံခြင်းရင်းမြစ်လေးနည်းနည်းရဖို့တောင် တကယ်ကြိုးကြိုးစားစားလုပ်ရပေမယ့် ဝေ့လျန်ယွဲ့ရဲ့အဖေက ဂိုဏ်းရဲ့အကြီးအကဲဖြစ်နေတော့ ဝေ့လျန်ယွဲ့လိုချင်ရင် မရနိုင်တာ ဘာမှမရှိဘူး။ ဒါပေမယ့် သူက ရင်းမြစ်တွေအများကြီးရနိုင်တာတောင် ကျင့်ကြံတာမလုပ်ဘူး။ ဒါက လူတွေကို မနာလိုမှုနဲ့ရူးသွပ်သွားအာင် တကယ်လုပ်နိုင်တယ်။ သူတို့မှာ ဝေ့လျန်ယွဲ့နဲ့ နေရာလဲပစ်လိုက်ချင်စိတ်တွေ တဖွားဖွားပဲ။

"ဘာလဲ?"

နဉ်ရှု မျက်လုံးတွေဖွင့်လိုက်ချိန်မှာ လျိုချင်းယန်က သူမရဲ့ဝိဉာဉ်သားရဲကို ရှုပ်ထွေးတဲ့အမူအရာနဲ့ကြည့်နေတာကို သူမ မြင်လိုက်ရသည်။ သူက အခုထိ သူမရဲ့ဝိဉာဉ်သားရဲကို မျက်စောင်းထိုးနေတုန်းလား?

လျိုချင်းယန်ရဲ့မျက်နှာဖောင်းဖောင်းက ဖော်ရွေတဲ့အပြုံးတစ်ခုကိုလှစ်ဟပြလာသည်။

"ငါက မင်းကို ကျင့်ကြံတာအကြောင်းမေးချင်ရုံပါကွာ။ မင်းရဲ့ကျင့်ကြံဆင့်က အရမ်းကြီးမြင့်တဲ့ပုံမပေါ်ပါဘူး၊ ဒါကို ဘာလို့ မင်းက အရမ်းသန်မာနေရတာလဲ?"

နဉ်ရှုကပြန်ဖြေသည်။

"ငါ့မှာ ကာယအားတွေအများကြီးရှိတယ်လေ။"

လျိုချင်းယန် : ...

ဒါ ဘယ်လိုအဖြေကြီးတုန်း?

"ဂိုဏ်းတူမောင်လေးဝေ့၊ နင် နည်းနည်းစားသင့်တယ်။"

မိန်းကလေးဂိုဏ်းသားတစ်ယောက်က သူမ အခုလေးတင်ကင်ပြီးသွားသည့်ယုန်ကို နဉ်ရှုဆီပေးလာသည်။ နဉ်ရှုက အရေးမစိုက်စွာလက်ယမ်း၏။

"ငါ စားပြီးပြီ၊ မင်းတို့ ကိုယ့်ဘာသာစားသင့်တယ်။"

လေလျှပ်စီးလင်းယုန်က မိန်းကလေးဂိုဏ်းသားကိုင်ထားသည့် ယုန်ကင်ကို စူးစိုက်ကာကြည့်နေသည်။ ဒါကို နဉ်ရှုမြင်တဲ့အခါ သူမက ယုန်ကိုယူလိုက်ပြီး မိန်းကလေးဂိုဏ်းသားကို ကျေးဇူးတင်လိုက်သည်။

Unparalleld Leveling (Realm - 8) [Myanmar Translation]Where stories live. Discover now