Chapter - 42

2.6K 454 7
                                    

Unicode

၅၅၀။ PDA
__________

နဉ်ရှုက ရှဲ့ယွီကိုပြုံးပြသည်။

"မင်းတို့နှစ်ယောက်က မသေမျိုးအိမ်တော်ကို သိမ်းသွင်းဖို့မကြိုးစားမှတော့ ငါ အရင်လုပ်လိုက်မယ်။"

"ဒီကအစ်ကို၊ ရှင့်မှာ ကျောက်စိမ်းတံဆိပ်ပြားမရှိတာကို မသေမျိုးအိမ်တော်ကို ဘယ်လိုသိမ်းသွင်းဖို့စီစဉ်ထားလဲ?"

နဉ်ရှုက မသေမျိုးအိမ်တော်ကိုသိမ်းသွင်းဖို့ကြိုးစားကြည့်ချင်တယ်ဆိုတာကို လျိုယွမ်ယွမ်ကြားတဲ့အခါ သူမရဲ့မျက်လုံးတွေက အေးစက်စက်အန္တရာယ်အရိပ်အငွေ့တွေနဲ့ပြည့်သွားသည်။

နဉ်ရှုက လက်ဖြန့်ရင်းပြန်ဖြေသည်။

"ကျောက်စိမ်းတံဆိပ်ပြားနဲ့လူတွေပဲ မသေမျိုးအိမ်တော်ကို သိမ်းသွင်းနိုင်တယ်လို့ ဘယ်သူပြောလဲ? အဲ့လူတောင် ကျောက်စိမ်းတံဆိပ်ပြားရှိပေမယ့် မသေမျိုးအိမ်တော်ဝါးမြိုတာကို ခံလိုက်ရတာပဲမဟုတ်ဘူးလား? ငါ ဒီနေရာကိုရောက်နိုင်တယ်ဆိုတဲ့အချက်က ငါက သေမျိုးအိမ်တော်နဲ့ရေစက်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲလေ။ ရတနာတွေအားလုံးမှာ ရေစက်ပါတဲ့သခင်ရှိပြီး ငါက အဲ့ရေစက်ပါတဲ့သခင်ပဲ။"

"ငါဒီမှာရှိနေသရွေ့ မင်းမှာ မသေမျိုးအိမ်တော်ကိုသိမ်းသွင်းဖို့အခွင့်အရး ဘယ်တော့မှရှိမှာမဟုတ်ဘူး။"

ရှဲ့ယွီက အေးစက်စွာဆိုသည်။ ထို့နောက် သူက လျိုယွမ်ယွမ့်ဘက်လှည့်ကာဆို၏။

"ယွမ်ယွမ်၊ မသေမျိုးအိမ်တော်ကို သိမ်းသွင်းဖို့ကြိုးစားကြည့်။"

ယွမ်ယွမ်? နဉ်ရှု သူတို့နှစ်ယောက်ကိုကြည့်လိုက်မိသည်။ သူတို့အတူရှိနေတာ တစ်နာရီလောက်ပဲရှိသေးတာကို အချင်းချင်း ဒီလိုရင်းရင်းနှီးနှီးတွေခေါ်နေကြပြီ။ ရှဲ့ယွီရဲ့ကလူနိုင်စွမ်းကတော့ ဟာသမဟုတ်ဘူးပဲ။

ချန်ဖောင်နဲ့လူဖြစ်သွားတာအပြီးမှာ လျိုယွမ်ယွမ် နည်းနည်းတုန့်ဆိုင်းနေမိသည်။ မသေမျိုးအိမ်တော်က သိမ်းသွင်းဖို့ခက်လောက်ပြီး ရှဲ့ယွီက သူမကို မသေမျိုးအိမ်တော်ပေးတာကလည်း စိတ်ရင်းမှန်နဲ့ဆိုတာကို အပြည့်အဝယုံကြည်လို့မရနိုင်ဘူးလို့ သူမ ခံစားနေရသည်။

Unparalleld Leveling (Realm - 8) [Myanmar Translation]Where stories live. Discover now