Chapter - 60

2.6K 459 4
                                    

Unicode

၅၆၈။ ရှေးဟောင်းကျောက်တွင်းနဲ့ပတ်သက်တဲ့ပြသနာတွေ
____________________

ဇာပဝါအောက်တွင်တော့ ရှစ်ဟွေ့တိက မျက်မှောင်ကုတ်နေဟန်ပေါ်၏။

"ဝေ့လျန်ယွဲ့၊ နင် တကယ်မသိတာလား၊ သက်တန့်ဂိုဏ်းနဲ့ကောင်းကင်ဥပဒေဂိုဏ်းအတူတွဲလုပ်နေတဲ့ရှေးဟောင်းကျောက်တွင်းမှာပြဿနာတွေဖြစ်နေတာကို မသိချင်ယောင်ဆောင်နေတာလား?"

"ဘာပြဿနာတွေလဲ?"

နဉ်ရှု တကယ်ကိုသိချင်နေသည်။ သူမက အမျိုးသမီးခန်းထဲကနေတစ်လှမ်းမထွက်တဲ့ ရိုးအအမိန်းမငယ်လေးမို့ ဘာဖြစ်နေတယ်ဆိုတာ သူမ တကယ်မကြားမိပါဘူးနော်။

ရှစ်ဟွေ့တိက နဉ်ရှုရဲ့အမူအရာကိုကြည့်လိုက်ပြီးနောက် ခါးသက်စွာရယ်၏။

"ရှေးဟောင်းကျောက်တွင်းတွေကထွက်တဲ့ပမာဏက အရမ်းနိမ့်နေတယ်။ သက်တန့်ဂိုဏ်းနဲ့ကောင်းကင်ဥပဒေဂိုဏ်းက ထွက်တဲ့ထဲကတချို့ကို သူတို့ကိုယ်ကျိုးအတွက်ယူထားတယ်လို့ အချင်းချင်းသံသယဝင်နေကြတယ်၊ ဒါကြောင့် ပူးပေါင်းမှုဆက်လုပ်ဖို့ ဘယ်လိုနည်းနဲ့မှမဖြစ်နိုင်ဘူး။ ဂိုဏ်းတူမောင်လေးရှဲ့နဲ့ဖြစ်သွားတဲ့ကိစ္စကြောင့် အခု သက်တန့်ဂိုဏ်းက ထိုးနှက်ချက်တွေထပ်မခံနိုင်တော့လို့ ဆက်ပူးပေါင်းမှရလိမ့်မယ်။ ငါတို့သက်တန့်ဂိုဏ်းက ကျင့်ကြံခြင်းရင်းမြစ်တွေအရမ်းလိုအပ်နေတယ်။"

နဉ်ရှုရဲ့မျက်လုံးတွေက သဘောပေါက်သွားမှုနဲ့အတူပြူးကျယ်သွားသည်။ ဆိုတော့ တစ်ယောက်ယောက်က အလွဲသုံးစားလုပ်နေတာပေါ့။ ကောင်းကင်ဥပဒေဂိုဏ်းက အဲ့လိုလုပ်နေတာဖြစ်လောက်တယ်လို့ သူမခံစားရတယ်။ သက်တန့်ဂိုဏ်းတပည့်တွေထဲကတစ်ယောက်က မသေမျိုးအိမ်တော်ကိုရသွားလို့ သူတို့က သက်တန့်ဂိုဏ်းပြဿနာဖြစ်အောင် ဒီလိုလုပ်နေတာဖြစ်လောက်တယ်။

ဝေ့မင်က နောက်ကွယ်ကလူဖြစ်နိုင်ချေအတော်လေးရှိတယ်။

ဆိုတော့ အခု သက်တန့်ဂိုဏ်းရဲ့ဂိုဏ်းချုပ်က ပူးပေါင်းမှုကိုပြန်ဆွေးနွေးဖို့ ကိုယ်တိုင်လာပြီး ရှစ်ဟွေ့တိကိုပါခေါ်လာတယ်။ နဉ်ရှုက ရှစ်ဟွေ့တိကိုလှမ်းကြည့်သည်။

Unparalleld Leveling (Realm - 8) [Myanmar Translation]Tahanan ng mga kuwento. Tumuklas ngayon