Chapter - 68

2.6K 351 8
                                    

Unicode

၅၇၆။ အညီအမျှလုပ်ရမယ်
______________________

အရင်တုန်းက သိုင်းပညာကိုဖက်တွယ်နေပြီး အခုကျ သက်တမ်းကိုပြောင်းပြီးဖက်တွယ်တော့မယ်ပေါ့?

ဒီတစ်ကြိမ်မှာ နဉ်ရှုက သူမရဲ့အရည်အချင်းမှတ်တွေအကုန်လုံးကို သက်တမ်းထဲတကယ်ပင်ပေါင်းထည့်လိုက်သည်။

နံပါတ် : 2333

အမည် : နဉ်ရှု

အသက် : 27

အတွေ့အကြုံ : 40000

ဝိဉာဉ် : 200

သက်တမ်း : 50 (+10)

ဉာဏ်ပညာ : 85

ဆွဲဆောင်မှု : 3

ကံကောင်းမှု : 34

စိတ်ခွန်အား : 120

သိုင်းပညာ : 10

ပါရမီ : 26

ကုသိုလ် : 5 (+10)

စွမ်းရည်များ : ငါးကွင်းထိသေနတ်ပစ်စွမ်းရည်၊ အမှိုက်အဆင့်တိုက်ခိုက်ရေးစွမ်းရည်၊ ပြိုင်ဘက်ကင်းသိုင်းပညာ၏အမှိုက်အဆင့်စတင်လေ့ကျင့်သူ

ရရှိထားသောဂုဏ်ပုဒ်များ : စစ်နတ်ဘုရားမ

ရောင်ဝါများ : လောကအကျိုးပြုမိခင်(မိဖုရားကြီး၏ကောင်းချီး)

သူမရဲ့အမှတ်တွေအတော်များများကုန်သွားတာကိုတွေ့တဲ့အခါ နဉ်ရှု အသည်းထပ်ကွဲရပြန်သည်။ သို့သော်ငြား အခုမှသာ သူမ ကုသိုလ်မှတ်ဆယ်မှတ်ရတာကိုသတိထားမိတာဖြစ်၏။ သူမက 2333-samaကိုမေးသည်။

"ငါ ဒီကုသိုလ်မှတ်ဆယ်မှတ်ကို ဘယ်လိုလုပ်ရလာတာလဲ?"

"ဘယ်သူသိမှာလဲ? ငါလည်းမသိဘူး။ ဒါတွေက တခြားအရည်အချင်းတွေနဲ့တွက်ချက်တာမတူဘူး။"

2333ကပြောသည်။

"မင်း တာဝန်ကမ္ဘာကို အခုဝင်ချင်လား?"

2333ကမေးသည်။

နဉ်ရှုက လက်ယမ်းကာပယ်သည်။

"ဟင့်အင်း၊ ငါအရမ်းပင်ပန်းနေတယ်။ ငါ ခဏလောက်နားဦးမယ်။"

"အိုး၊ ဟုတ်သားပဲ၊ နောက်တာဝန်က ဘယ်လိုကမ္ဘာမျိုးကိုသွားရမှာလဲ?"

Unparalleld Leveling (Realm - 8) [Myanmar Translation]Where stories live. Discover now