Chapter - 46

2.6K 468 6
                                    

Unicode

၅၅၄။ လူရေခြုံသားရဲနှစ်ကောင်
________________

ရှစ်ဟွေ့တိဒဏ်ရာရသွားတာကို ရှဲ့ယွီမြင်တဲ့အခါ သူ့မျက်လုံးတွေက သွေးတွေပိုထွက်လာတော့သည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ့သိုလှောင်အိတ်ထဲကနေ ဆေးလုံးနှစ်လုံးထုတ်ကာ မြိုချလိုက်သည်။

"ဒီနေ့ ဘယ်သူက ဘယ်သူ့ကိုဖျက်ဆီးမယ်ဆိုတာ ကြည့်ကြသေးတာပေါ့။"

ရှဲ့ယွီက သူ့ကိုဝင်စီးဖို့ကြိုးစားနေတဲ့တ‌စ္ဆေကောင်က်ုပြောနေသလိုပေမယ့် သူက နဉ်ရှုကိုပြောနေသလိုပါထင်ရသည်။

ရှစ်ဟွေ့တိ ဒဏ်ရာရသွားတာကို လျိုယွမ်ယွမ်မြင်တဲ့အခါ သူမက နှုတ်ခမ်းတို့ကိုကိုက်လျက် နဉ်ရှုကို သတိဖြင့်ကြည့်လာသည်။

နဉ်ရှုက လက်ခါလိုက်ပြီးနောက် လျိုယွမ်ယွမ့်အနား ဖြည်းဖြည်းချင်းကပ်သွားကာ သူမကို လက်သီးနဲ့ထိုးလိုက်သည်။ အမှန်အတိုင်းပြောရရင် နဉ်ရှု လက်သီးနဲ့တိုက်ရတာကို တကယ်သဘောကျနေသည်။ အသားကို လက်သီးနဲ့ထိုးလိုက်ရတဲ့ခံစားချက်က တကယ်စိတ်ကျေနပ်ဖို့ကောင်းသည်။

နဉ်ရှုရဲ့လက်သီးကိုမြင်တဲ့အခါ လျိုယွမ်ယွမ်ရှောင်ချင်ခဲ့၏။ သို့သော်ငြား ရှဲ့ယွီက သူမနောက်မှာရှိနေတာကိုသတိရလိုက်တာမို့ သူမက ထိပ်တိုက်ရင်ဆိုင်ဖို့ရွေးချယ်လိုက်သည်။

ဒိုင်းကာလိုစိတ်ဝိဉာဉ်ပစ္စည်းတစ်ခုက လျိုယွမ်ယွမ့်လက်ထဲပေါ်လာသည်။ လျိုယွမ်ယွမ်က ဒီပစ္စည်းက ရန်ဘက်ရဲ့လက်သီးကို ခုခံနိုင်ဖို့မျှော်လင့်ပြီး သူမကိုယ်ထဲမှာရှိသမျှ ရှေးဟောင်းစွမ်းအင်တွေအားလုံးနီးပါးကို အဲ့ပစ္စည်းထဲထည့်လိုက်တာမို့ ပစ္စည်းက မှိန်ဖျော့ဖျော့လင်းလက်နေ၏။

ဒါက တကယ်ကိုရယ်ချင်စရာပါပေ။ သူမက စိတ်ဝိဉာဉ်ပစ္စည်းကိုင်ထားတာ အသိသာကြီးပေမယ့် သူမရဲ့ပြိုင်ဘက်က လက်ဗလာနဲ့တိုက်ခိုက်နေတာကိုတောင် သူမမှာ ယုံကြည်ချက်မရှိချေ။

နဉ်ရှုက စိတ်ဝိဉာဉ်ပစ္စည်းကို တန်းတန်းမတ်မတ်ထိုးချလိုက်သည်။ လျိုယွမ်ယွမ်က နောက်ကိုဒယိမ်းဒယိုင်နဲ့ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရပြီး သူမလက်တွေက အားပျော့စွာပြုတ်ကျလာ၏။ သူမရဲ့အရိုးတွေက ဒီပြင်းထန်လွန်းတဲ့အားကြောင့် ကျိုးသွားပြီဖြစ်ကာ သူမနှုတ်ခမ်းကနေ သွေးတွေမနားတမ်းစီးကျလာသည်။ သူမက ပြန်ကောင်းစေဖို့အတွက် ဆေးတချို့အလျင်အမြန်သောက်လိုက်သော်ငြား သူမမျက်နှာက ဖြူဖျော့နေဆဲဖြစ်ပြီး သူမရဲ့မက်မွန်ပွင့်သဏ္ဍာန်မျက်ဝန်းတွေထဲက တောက်ပမှုတွေကလည်း အတော်လေးမှိန်ဖျော့သွား၏။

Unparalleld Leveling (Realm - 8) [Myanmar Translation]Where stories live. Discover now