(Unicode)
"Ring Ring"
" ကျစ် ဘာလဲကွာ "
ယနေ့ uni ပိတ်ရက်မို့ အေးဆေးအိပ်ရန်ကြံစည်ထားသော သီဟမင်းထင်မှာ
အလိုက်မသိမြည်နေသောဖုန်းကြောင့်
အိပ်မှုံစုတ်ဖွားနှင့်ထ၍ ဖုန်းကိုင်လိုက်၏။" hello "
" ကလေးနိုးပြီလား "
ဘာလားနိုးလို့ဖုန်းကိုင်တာပေါ့ဒီလူကြီးကတော့။ကြောင်တောင်တွေလာမေးနေတယ်။
" မနိုးသေးဘူး "
" ဟင် "
" ကဲဘာလဲပြောဗျာ၊ ခင်ဗျားကြီးက
နှောင့်ယှတ်လွန်းတယ် "သူဆူအောင့်အောင့်ပြောလိုက်တော့
" ကလေးကလဲ ကိုယ်က ကလေးကိုချစ်လို့ပါ။uni မှာတွေ့ပြီးကတည်း.."
" တော် တော်.. ဒီဓာတ်ပြားဟောင်းကြီးပဲလာလာဖွင့်နေတာ နှစ်ပတ်လောက်ရှိပြီ။ပြီးတော့ မှတ်ထား ကျွန်တော်က ကလေးမဟုတ်ဘူး gay လဲမဟုတ်ဘူး"
လူကြီးစကားမဆုံးခင်ပင်ကျွန်တော်ဖြတ်ပြောလိုက်၏။
" ဟုတ်ပါပြီ၊ကလေးမဟုတ်ဘူးဆိုတော့လဲ သက်လည်ပေါ့ "
" ဒီမှာ. သက်လည်လဲမရှိဘူး။ ရက်လည်လဲမရှိဘူး။လိုရင်းပြောဗျာ။ "
" ကိုယ် love cafe မှာစောင့်နေမယ်လို့၊လာခဲ့နော် မလာရင်
အိမ်ထိလိုက်လာမှာ "" လာခဲ့မယ်ဗျာ "
" ဟုတ်ကဲ့ပါ အချစ်၊စောင့်နေမယ်နော်"
" ဘာဗျ "
သူဒေါသတကြီးအော်လိုက်တော့" အော် စိတ်လျော့ပါ ရက် အဲ သက်လည်ရယ်၊ love ဆိုတာ အချစ်လေ
အဲ့တာကြောင့် အချစ်မှာစောင့်နေမယ်ပြောမလို့ပါ၊ 'မှာ'ကျန်ခဲ့လို့။" ဟုတ်လား.။တက်လဲတက်နိုင်တဲ့လူ။ ဒါပဲ"
သီဟမင်းထင် ပြောပြီးပြီးချင်းဖုန်းချလိုက်၏။ ပြီးတော့အိပ်ယာမှ အမြန်ထကာ ရေချိုးခန်းထဲဝင်ရ၏။
မြန်မြန်လုပ်မှဖြစ်မည် မဟုတ်လျှင်
အိမ်ထိလိုက်လိမ့်မည်မှာသေချာ၏။
အရင်ကလဲ သူဖုန်းခေါ်တာမကိုင်၍ uni ထိလိုက်လာကာ စာသင်ခန်းရှေ့
ငုတ်တုတ်
လာထိုင်စောင့်နေသေး၏။တကယ်ကိုအားယားနေတဲ့လူ၊ အလုပ်မရှိဘူးလားမသိ။
YOU ARE READING
တွဲလက်ကလေး မြဲစေလို( Complete)
Romanceဘုရင့်အနွယ်တော်မှ ဆင်းသက်လာသော သီဟမင်းထင်ဆိုသော အနေအေးပြီးသူအားလာထိပါးရင်တော့ငြိမ်မခံတတ်တဲ့ အစွာကောင်လေးနှင့် လင်းမြတ်မင်းခန့်ဆိုသော ရေခဲတုံး high boss ကြီးတို့ ရဲ့ အချစ်ဇာတ်လမ်းပါ။ uke က strong ဖြစ်တဲ့ ပုံစံမျိုးပါ။ ...