Part 13 ( Uni + Zawgyi)

2.4K 117 2
                                    

( Unicode)

" ဂရုစိုက်သွားနော် မြေးလေး "

" ဟုတ်ကဲ့ မယ်မယ်ကြီး "

ကျွန်တော်တို့ယနေ့ နှင်းသက်အဖွား၏ရွာအား အလည်သွားမည် ဖြစ်သောကြောင့် မသွားမီ မယ်မယ်ကြီးနှင့် မယ်မယ်အား ကန်တော့ပြီး မယ်မယ်တို့နှင့် ခနစကားပြောနေလိုက်၏။

" ဘယ်နှရက်လောက်သွားမှာလဲ သားလေး "

" တစ်ပတ်လောက်တော့ ကြာမယ်ထင်တယ် မယ်မယ် "

" အင်းပါကွယ် အစစအရာရာဂရုစိုက်..
သားတို့နှင်းသက်တို့အိမ်မှာဆုံပြီးသွားမှာလား "

" မဟုတ်ဘူးဗျ မယ်မယ် အခြားနေရာမှာဆုံမှာမယ်မယ် "

" အင်းအင်း သွားတော့လေသားလေး
နောက်ကျနေမယ် "

" ဟုတ်ကဲ့မယ်မယ်...မယ်မယ်ကြီး မြေးသွားတော့မယ်နော် "

" အင်း အင်း မြေးလေး "

ကျွန်တော် မယ်မယ်ကြီးနှင့် မယ်မယ်အား နှုတ်ဆက်ပြီ လူကြီးအိမ်သို့ driver ဦး​​လေးကြီးအားလိုက်ပို့ခိုင်းလိုက်၏။
-------------------------------------------------

ဟိုရောက်တော့ ဧည့်ခန်းတွင် လူကြီး၏ လူယုံ ကိုမင်းသူအောင်ကထိုင်ကာ ဖုန်းကြည့်နေ၏။ကျွန်တော်ဝင်လာတာမြင်တော့

" အော်... ညီလေးရောက်လာပြီပဲ လာလေညီလေး ထိုင် "

" ဟုတ် "

ကျွန်တော် ကိုမင်းသူအောင်၏ မျက်နှာခင်းဆိုင်တွင်ဝင်ထိုင်လိုက်၏

" boss ကခုထိမဆင်းလာသေးဘူး ညီလေးရ.. မနက်စာလဲမစားသေးဘူးထင်တယ် အကို ရောက်ကတည်းက ဆင်းလာတာမမြင်မိဘူး "

" အော်..ဟုတ်အစ်ကို ကျွန်တော်တက်သွားကြည့်လိုက်ဦးမယ် "

" အင်း အင်း...ညီလေး တက်သွားလိုက်လေ အစ်ကိုတို့က မခေါ်ပဲတက်လို့မရဘူး "

" ဟုတ် "

ကျွန်တော် ပြော၍ လူကြီးအခန်းရှိရာအပေါ်ထပ်သို့တက်လာလိုက်၏။
အခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်၏။

...ဒေါက်...ဒေါက်...

"....."
အထဲမှ ပြန်ဖြေသံမကြား

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now