part 11 (Uni + Zawgyi )

2.6K 122 2
                                    

( Unicode)

ကျွန်တော် ဒီနေ့တစ်နေ့လုံး ကလေးနှင့်မတွေ့ရသေးပေ။ ပန်းအိမှာ စျေးဝယ်တာနေ့တစ်ပိုင်းလောက်နှင့် အခြား
သူသွားချင်သောနေရာများပါ ကျွန်တော့်အားလိုက်ပို့ခိုင်း၏။

ကလေးအား ကျောင်းသို့သွားကြိုရန်အချိန်ပင်ရောက်နေသော်လည်း ပန်းအိမှာ အိမ်မပြန်​သေး​ပေ။ထို့ကြောင့် ကျွန်တော် ကလေးအား အလုပ် မပြီးသေးလို့ပါဟု message ပို့လိုက်ရ၏။ပန်းအိမှာ ည7 နာရီလောက်မှသာ ကျွန်တော်နှင့်ညစာစားကာသူမအိမ်ပြန်သွား၏။

ကျွန်တော်လဲအိမ်သို့ ရောက်ရောက်ချင်း ကလေးအားဖုန်းခေါ်လိုက်၏။

....တူ...

" hello "
ကလေးကချက်ချင်းဖုန်းကိုင်၏။

" ကလေး.. ဘာလုပ်နေလဲ "

" စာပြန်ကြည့်နေတာ "

" စားပြီးပြီလားကလေး "

" အင်း "

" ကလေး....."

" အင်း "

" လွမ်းတယ် "

" ပိုပြီ "

" မပိုပါဘူး ကလေးကလဲ ကိုယ်ကတကယ်လွမ်းနေတာ "

" ဟ ဟ   ဟုတ်ပါပြီဗျာ
ဒါနဲ့ အလုပ်တွေအရမ်းရှုပ်နေလား "

" ဟင်...အာ ဟုတ်..ဟုတ်တယ်ကလေး "

" အော်..အင်းပါ အလုပ်တွေပဲ ဖိလုပ်မနေနဲ့အုံး "

" ဟုတ်ကဲ့ပါဗျာ ကိုယ့်အသက်လေး "

ကလေးဆီမှ ရယ်သံသဲ့သဲ့လေးကြညးလိုက်ရ၏။

" အရူးကြီး "

" အချစ်ရူးလေ "

" တော်ပါဗျာ.. ကိုညစာ​​ရောစား​​ပြီးပြီလား "

" အင်း..ပြီးပြီကလေး "

" မနက်ဖြန်တော့လာတွေ့မယ်မလား "

ကလေးအသံမှာတိုးလျလျ

" လာမှာပေါ့ကလေးရဲ့ ကိုယ်လာခဲ့မယ်နော် စိတ်ချ။ နေ့လည်စာလဲ အတူတူလာစားမယ်နော်ကလေး "

" တကယ်ပြောတာလား "

" တကယ်ပေါ့ ကလေးရဲ့ "

" ဟုတ် ဒါဆိုဖုန်းချလိုက်တော့မယ်နော် "

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now