( Unicode)
" ကျွန်တော်ပြန်တော့မယ် "
" ဟင်.. ဘာလို့လဲ နေပါဦးကလေးရဲ့ "
" ကျွန်တော်မနက်ကတည်းက ရောက်နေတာလေ "
" ညနေမှပြန် နော်...ကလေး..နော် "
ဒီလူကြီးကတော့ ဆေးများမှားသောက်ထားမိလားမသိချွဲနေလိုက်တာများ။
မနက်ကတည်းက ထမင်းစားတော့လဲ ကျွန်တော့်အားခွံ့ကျွေးခိုင်းသည်။
ထမင်းစားဆေးသောက်ပြီး ဧည့်ခန်းတွင်TV ကြည့်သည့်အချိန်ကျပြန်တော့လဲ ကျွန်တော်အားဖတ်ထားတာမလွှတ်။ ရေသွားသောက်ရင်တောင် နောက်ကနေ ကျွန်တော့် ခါးအားဖတ်ပြီး
လိုက်နေပြန်၏။ခုလဲ ပြန်မယ်ပြောတော့
ညနေမှပြန်တဲ့။" နော်..ကလေး.. "
" မရဘူး "
" ဘာလို့လဲ... "
" ကဲပါဗျာ..လွှတ်ဦး "
ကျွန်တော်က ပြောကာမှပိုတိုး၍ ဖတ်လာသောလူကြီး။
" မပြန်နဲ့လို့... "
" ဟုတ်ပြီ မပြန်ဘူး ရပြီလား။လွှတ်တော့ "
" မလွှတ်ဘူး "
" TV ကြည့်မှာဖြင့်ကောင်းကောင်း
ကြည့်ပါခင်ဗျားကြီးရယ် ဘေးနားကနေလှုပ်စိလှုပ်စိနဲ့ "" ကိုယ့်ကို ခင်ဗျားကြီးလို့မခေါ်နဲ့ "
" အဲ့တာဆိုဘယ်လိုခေါ်ရမှာလဲ "
" ကိုကို ဒါမှမဟုတ် ကိုလို့ခေါ် "
" တော်ပါပြီ "
" ကလေးကလဲကွာ ... တစ်ခုတော့ခေါ်ကွာ "
" မခေါ်ချင်ပါဘူး "
" ကလေး....နော်လို့...နော်ကလေး "
သူ့ပခုံးပေါ် မေးတင်ကာချွဲနေသောလူကြီး
" ဟုတ်ပါပြီဗျာ ကိုလို့ခေါ်မယ် ရပြီလား"
" အင်း ကလေး "
ပြုံးဖြီး၍ ဖြေလာသောလူကြီးပင်။
" ဒါနဲ့ ခင်ဗျား..အဲ ကို့မိဘတွေကော "
" ကို့မိဘတွေက ဒီမှာမရှိဘူး ပြည်ပမှာကလေးရဲ့၊
တစ်နှစ်မှနှစ်ခေါက်သုံးခေါက်ပဲပြန်လာတာ "
YOU ARE READING
တွဲလက်ကလေး မြဲစေလို( Complete)
Romanceဘုရင့်အနွယ်တော်မှ ဆင်းသက်လာသော သီဟမင်းထင်ဆိုသော အနေအေးပြီးသူအားလာထိပါးရင်တော့ငြိမ်မခံတတ်တဲ့ အစွာကောင်လေးနှင့် လင်းမြတ်မင်းခန့်ဆိုသော ရေခဲတုံး high boss ကြီးတို့ ရဲ့ အချစ်ဇာတ်လမ်းပါ။ uke က strong ဖြစ်တဲ့ ပုံစံမျိုးပါ။ ...