Part 31 ( Uni + Zawgyi)

2.8K 104 2
                                    

( Unicode)

ကျွန်တော်တို့ shopping center ရောက်သည်နှင့် မုန့်အရင်စားကာကလေးအတွက်ပစ္စည်းများဝယ်ရန်ထွက်လာခဲ့ကြသည်။ဟိုနေ့က မယ်မယ်တို့ကအဝတ်အစားများဝယ်လာခဲ့၍ အဝတ်အစားတော့မလိုတော့ပါ။သို့သော်နှင်းသက်ကတော့ သူ့စိတ်ကြိုက်အဝတ်အစားများအားဝယ်နေလေသည်။ ထက်မြတ်နှင့်ရှင်းမြတ်ကတော့ ကလေးအတွက် နို့ဘူးတွေ ကစားစရာတွေဝယ်နေလေသည်။

" သားသားလေးက အချစ်ခံလေးပဲ "

ကိုကပြုံးကာပြောလာသည်။

" အင်း...ဟုတ်တယ် "

" ကိုသီဟ ဒီမှာကြည့် ချစ်စရာလေး ချစ်မဝလေးနဲ့ဆိုလိုက်မှာပဲ "

မြူက ကလေးဝမ်းဆက်ဝတ်စုံရဲရဲလေးအားယူလာကာပြသည်။ကလေးလေးက အသားဖြူတော့ မြူပြသည့်ဝတ်စုံလေးနှင့်အတော်လိုက်လောက်သည်။

" ဟုတ်သားပဲ....ချစ်စရာလေး "

ကျွန်တော်ပြုံးကာပြောလိုက်သည်။

" မြူဒါလေးဝယ်လိုက်မယ်....ပြီးတော့မိုးပြာလေးရယ် အဝါလေးရယ်လဲဝယ်လိုက်မယ် ချစ်မဝလေးနဲ့က ဘယ်ဟာနဲ့မဆိုလိုက်တယ် "

မြူက ပြုံးရွှင်ပြီးတက်ကြွစွာပြောလာသည်။ကလေးလေးက တကယ်ကို အချစ်ခံလေး...

" တစ်စုံဆိုရပါပြီ မြူရယ် "

" ဟီး...မြူကဝယ်ပေးချင်လို့ပါ "

" ဟုတ်ကဲ့ပါဗျာ "

ကျွန်တော်ပြောလိုက်တော့မြူက ပြုံးပြကာ ပြန်သွားပြီးအဝတ်အစားများအား တစ်ထည်ပြီးတစ်ထည်လိုက်ဖြုတ်နေလေသည်။

" ဟွန့်...ကြည့်နေလိုက်တော့ တစ်နေ့လုံး "

ဘေးက လူကြီးက ဆူအောင့်အောင့်ပြောလာသည်။မျက်နှာကလဲဆူပုတ်နေတာပဲ။ရီချင်စရာ...

" ဟွန်း.. "

" ဘာရီတာလဲ "

ကျွန်တော်ဘရီလိုက်တော့ ဘောက်ဆတ်ဆတ်ဖြင့်မေးလာသောလူကြီး။

" ဘာမှမရီပါဘူးဗျာ....ကြည့်လဲမကြည့်တော့ပါဘူးဗျ ဒီကကျွန်တော့်ချစ်သူကြီးကိုပဲ​​ကြည့်ပါတော့မယ်နော် "

ကျွန်တော်ပြောလိုက်တော့ လူကြီးက ပြုံးစိစိ ဖြစ်သွားသည်။
တကတည်း..ပြုံးချင်နေတာများမပြုံးပဲနဲ့။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now