(Unicode)
ကျွန်တော့်နာမည်က လင်းမြတ်မင်းခန့်ပါ။
MK company ရဲ့ CEO ပါ။အသက်က 25 ပါ။ ဒီအရွယ်အထိ ရည်းစားဆိုတာလဲမထားဖူးသလို၊ ဘယ်သူ့ကိုမှလဲ ရင်မခုန်ခဲ့ဖူးပါဘူး။ဒါမဲ့တစ်ရက် ကျွန်တော့်သူငယ်ချင်း လင်းမြတ်က သူ့ညီအား ကျောင်း
သွားကြိုရန် အဖော်လိုက်သွားပေး
ရာမှ သူ့ညီသူငယ်ချင်းအားမြင်လိုက်
တော့ ရုတ်တရက် ကျွန်တော်ရင်ထဲကအကောင်ပေါက်ကခုန်လာသလိုပဲ။ကောင်လေးကသိပ်ချောတယ်ဗျာ၊
ချောတာထက် ချစ်စရာပိုကောင်း
တယ်ဗျ။မျက်လုံးလေးတွေက ကြည်ကြည်တောက်တောက် လေးတွေ၊ မျက်တောင်ရှည်လေးတွေနဲ့၊အသားကဖြူဖွေးနေပြီး ဝတ်ထားတာလဲမြန်မာဆန်ဆန်လေးပုဆိုးလေးအရမ်းချစ်စရာကောင်းတာပဲဗျာ။ခုထိ စတွေ့တွေ့ချင်းတုန်းကပုံလေးကို
မျက်လုံးထဲကကိုမထုတ်နိုင်သေးဘူး။ကောင်လေးက ယောကျာ်းလေးဆိုတဲ့အသိနဲ့ကျွန်တော် ကောင်လေးအားအရမ်းချစ်ဖို့ကောင်းလို့သာ ငေးမိသွားတာပါဆိုပြီး ကိုယ့်ကိုယ်ကို ပြောရင်း
ကောင်လေးအားမတွေးမိအောင်သာနေလိုက်သည်။ မရပါ၊ ကျွန်တော့်မှာထိုကောင်လေးအားတွေ့ပြီးသည်မှစ၍
နေ့နေ့ ညည ထိုကောင်လေးအားသာပြန်မြင်ယောင်နေသည်။ထို့ကြောင့်ကျွန်တော် အချစ်နှင့်ပတ်သက်သည့်စာအုပ်များ၊ လူတစ်ယောက်က်ို ဘယ်လိုပိုးပန်းရမည်
စတဲ့ အမျိုးမျိုးသောအချစ်နှင့်ပတ်သက်သောစာအုပ်များအားဖတ်ပြီး ကောင်လေးအားစလိုက်ပါတော့သည်။ဒီနေ့လဲကျွန်တော့် အထောက်တော်ကြီး မောင်ရှင်းမြတ်၏ သတင်းပေးချက် အရ သူတို့သူငယ်ချင်းတွေ ယနေ့အတန်းစောဆင်း၍ ရုပ်ရှင်သွားကြည့်မည်ဖြစ်ကြောင်းပြော၏။
ထို့ကြောင့်ကျွန်တော်လဲ လူအရေအတွက်အားမေး၍ အတော် ro သည်ဟုပြောသော romance ကားလေးအားလက်မှတ်ကြိုဖြတ်ထားလိုက်၏။
romance ကားလေးအားချစ်ရသူနှင့်အတူကြည့်ရင်း၊ ဟင်းဟင်း ကြည်နူးစရာကောင်းလိုက်မဲ့ဖြစ်ချင်း
တွေးရင်းနဲ့တောင် ရုပ်ရှင်ရုံအမြန်ရောက်ချင်နေပြီ။ခုတော့ကျောင်းသို့သာ အရင်သွားရပေဦးမည်။
YOU ARE READING
တွဲလက်ကလေး မြဲစေလို( Complete)
Romanceဘုရင့်အနွယ်တော်မှ ဆင်းသက်လာသော သီဟမင်းထင်ဆိုသော အနေအေးပြီးသူအားလာထိပါးရင်တော့ငြိမ်မခံတတ်တဲ့ အစွာကောင်လေးနှင့် လင်းမြတ်မင်းခန့်ဆိုသော ရေခဲတုံး high boss ကြီးတို့ ရဲ့ အချစ်ဇာတ်လမ်းပါ။ uke က strong ဖြစ်တဲ့ ပုံစံမျိုးပါ။ ...