Part 32 ( Uni + Zawgyi)

2.6K 113 4
                                    

( Unicode)

" ပိစိလေးရေ...အသေးလေးရေ တီတီလာတယ် "

ကျွန်တော်ကလေးအား အဝတ်စားလဲပေးနေတုန်း နှင်းသက်၏အသံကြားလိုက်ရသည်။စောစောစီးစီးကလေးလေးဆီလာလည်တာထင်တယ်။

" ဟဲ့ ငါဝင်လာပြီ "

အသံကြားရသည်နှင့်တစ်ပြိုင်နက် လူကအခန်းထဲရောက်နေပြီ။

" ကဲ စောစောစီးစီးဘာကိစ္စလဲ "

" အမယ် နင့်ဆီလာတာမဟုတ်ပါဘူးနော် ပိစိလေးဆီလာတာ.....နော့ ပိစိလေးရေ "

နှင်းသက်ကပြောကာ သား​လေးအားကောက်ပွေ့လိုက်ကာမြှူနေသည်။

" ငါရေချိုးလိုက်ဦးမယ် သားသားလေးကို အောက်ထပ်ခေါ်သွားလိုက်တော့ "

" အေး "

" ကဲ ဖေဖေ့ရဲ့ အချစ်တုံးလေးရေ တီတီနဲ့လိုက်သွားလိုက်နော် မွ "

" ခစ်... ခစ် "

ကျွန်တော်ပြောပြီးနမ်းလိုက်တော့ သားလေးကရီသည်။

" ငါခေါ်သွားပြီ "

နှင်းသက်က သားလေးအားချီကာ အပြင်ထွက်သွားသည်။
ကျွန်တော်လဲရေချိုးရန် ရေချိုးခန်းသို့ဝင်လိုက်သည်။

လူကြီးအမေကငြိမ်နေတာပဲ ဘာပြဿနာမှလာမရှာတာကြာပြီ
ဘာမှတော့ ထပ်ပြီးပြဿနာမရှာဖို့မျှော်လင့်ရတာပဲ။

" ကလေးရေချိုးတာ ကြာလိုက်တာ "

" ကို ဘယ်တုန်းကရောက်တာလဲ "

ကျွန်တော်ရေချိုးပြီးပြန်ထွက်လာတော့
ကိုက တပတ်တစ်ထည်ကိုင်ရင်း ရပ်စောင့်နေသည်။

" ကြာပြီ နှင်းသက်အောက်ဆင်းလာကတည်းကရောက်တာ "

ပြောကာ ကျွန်တော့်နားလာပြီး ခေါင်းရေသုတ်ပေးနေသည်။နူးနူးညံ့ညံ့လေး။အချိန်ကြာ၍ dryer နဲ့မှုတ်မည်ဟုပြောသည်ကိုလဲမရ။ dryer သုံးမည်ပြောကတည်းကdryer သုံးမည်စိုး၍ အခန်းထဲက dryer ကို ယူသွားလေသည်။ပြန်ဝယ်လို့မရတာကျလို့။တကယ်ပါပဲ

" ကလေး...ဘာတွေပြုံးနေတာလဲ "

" ဟင်...အော် ဘာမှမဟုတ်ပါဘူး "

" ရပြီ ခြောက်သွားပြီ ​မွှေးနေတာပဲ "

လူကြီးက ကျွန်တော့်ဆံပင်များကြား နှာခေါင်းနစ်အောင် နမ်းရှိုက်ရင်းပြောလာသည်။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now