Part 15 ( Uni + Zawgyi)

2.5K 111 2
                                    

( Unicode)

ကျွန်တော်တို့မာလာဆိုသော မိန်းကလေး နောက်လိုက်လာခဲ့၏။ ထိုမိန်းကလေးက အခန်းတစ်ခုရှေ့ရောက်တော့ရပ်လိုက်ရင်း

" ဟို... အခန်းလွတ်ကဒီအခန်းနဲ့ ဘယ်ဘက်ကနှစ်ခန်းပါရှင့် ဧည့်သည်တို့ အဆင်ပြေသလိုနေလိုက်ကြပါရှင့် "

ထိုမိန်းကလေးက ပြုံး၍ပြောလာ၏။

" ရပါတယ်ဗျ "

ကိုလင်းမြတ်ကပြန်ဖြေ၏။

" ဟုတ်ကဲ့ လိုတာရှိရင်ခေါ်လိုက်ပါ..
ခွင့်ပြုပါဦး ရှင့် "

ပြောကာပြုံးပြ၍ ထွက်သွား၏။

" ကဲ ဘယ်လိုနေကြမလဲ..ငါတို့မိန်းကလေးနှစ်ယောက်က တစ်ခန်းနေမယ် "

နှင်းသက်ကပြောလာ၏။

" ငါနဲ့ သီဟမင်းနဲ့ တစ်ခန်းနေလိုက်မယ် "

" ဟင်...မရပါဘူး "

လူကြီးကဝင်ပြော၏။

" ကဲ..ကဲ အဆင်ပြေသလိုသာ နေကြတော့ ငါတို့တော့သွားနားပြီ "

နှင်းသက်ကပြောကာသူ့သူငယ်ချင်းနှင့် ဘေးဆုံးအခန်းထဲသို့ဝင်သွား၏။

" ကဲပါ ငလင်းရာ လာပါကွာ ငါတို့သုံးယောက်တစ်ခန်းနေရအောင်ပါ "

" ဟာ..မနေချင်ပါဘူး "

" ကို..သွားပါကွာ လိမ္မာပါတယ် "

" ကလေးနဲ့ အတူနေမှာ "

" ကဲကဲ ပေးနေလိုက်ပါ ငါ့ညီရာ...
လာညီညီ အစ်ကိုတို့သုံးယောက်တစ်ခန်းနေမယ် "

အကိုလင်းမြတ်ကပြောကာ ရှင်းမြတ်အားလက်ဆွဲခေါ်သွား၏။ကိုမင်းသူအောင်လဲလိုက်ဝင်သွား၏။

" ကိုယ်တို့လဲသွားနားရအောင်လေ ကလေး "

" အင်း "

ကျွန်တော်တို့လဲနောက်ဆုံးကျန်သည့်အခန်းထဲသို့ သာဝင်ခဲ့လိုက်၏။လူကြီးကတော့ အခန်းထဲရောက်သည်နှင့် အထုပ်တွေ ကြမ်းပြင်ပေါ်ချကာ ကုတင်ပေါ်တက်လှဲနေ၏။

" ကလေး... "

" အင်း.. "

ကျွန်တော် အဝတ်ထုပ်များအားသေချာနေရာချရင်းကဖြေလိုက်၏။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now