Part 33 ( Uni + Zawgyi)

2.6K 110 2
                                    

( Unicode)

" ကဲပြောပါဦး ဘယ်လိုလုပ်ချင်လဲ "

" anni နေ့မှာကလေးကိုလက်ထပ်ခွင့်တောင်းချင်တယ် "

" လင်း ကလေးက ကျောင်းတက်နေတုန်းမလား "

" ဟုတ်တယ် အစကတော့ ကလေးနဲ့ကျောင်းပြီးမှလက်ထပ်ဖို့စဥ်းစားထားတာ ခုတော့ကျွန်တော်တို့
မှာ သားလေးလဲရှိနေပြီဆိုတော့ စောစောလက်ထပ်ထားချင်တယ် "

" အကြောင်းပြချက်ကအဲ့တာတစ်ခုတည်းလား "

နန္ဒာက ပြုံးစစဖြင့်မေးလာသည်။

" ကျွန်တော် ကလေးကိုပိုင်ချင်နေပြီ စိတ်မချဘူး "

" အင်းပါ နန္ဒာစီစဥ်ပေးမယ် "

နန္ဒာ မစီစဥ်​ပေးချင်​​ပေမဲ့ စီစဥ်ပေးပါမယ်။အမှန်တိုင်းပြောရရင် နန္ဒာ    လင်းကို လက်မလွှတ်နိုင်ပါ။ဟိုကောင်လေးအားလဲသဘောမကျပါ။သို့သော် လင်းကထိုကောင်လေးမှထိုကောင်လေးဖြစ်နေသည်။နန္ဒာ့ကို နည်းနည်းလေးတောင် စိတ်မဝင်စား။

" ကျေးဇူး "

" ရပါတယ် ဒါဆိုကျန်တာနောက်မှသေချာ ဆွေးနွေးကြတာပေါ့ နန္ဒာသွားစရာလေးရှိသေးလို့ "

" အင်း နန္ဒာ "

ကျွန်တော် anni​​နေ့တွင်ကလေးအားလက်ထပ်ခွင့်တောင်းရန်စီစဥ်ထားသည်။ကျွန်တော်တို့မှာသားလေးလဲရှိနေပြီ ပြီးတော့ ကျွန်တော်ကလေးအားစိတ်မချပါ မြူဆိုသောမိန်ကလေးနဲ့ရင်ရင်းနှီးနှီးနေတာလဲကျွန်တော်မကြိုက်ပါ။ကလေးကျောင်းပြီးမှလက်ထပ်ရန်စဥ်းစားထားပေမဲ့ ခုတော့အမြန်ဆုံးကလေးနဲ့လက်ထပ်ချင်ပါသည်။

ဒါမဲ့ ကလေးနဲ့တော့ခုထိစိတ်ဆိုးနေကြဆဲပါ။ကလေးကိုမြူနဲ့နှစ်ယောက်ထဲအတူ အပြင်မသွားစေချင်ပါ။အဲ့ကိစ္စနဲ့ပတ်သက်ပြီး ကလေးကိုမသွားဖို့ပြောပင်မဲ့ကလေးကလက်မခံ။ထို့ကြောင့်ကျွန်တော်စိတ်ဆိုးနေခြင်း။ကလေးက ကျွန်တော့်အားချော့ပေမဲ့ ကျွန်တော်မသွားနဲ့လို့ပြောလိုက်တိုင်းလက်မခံ။
--------------------------------------------------
" မြူ့ကိုခုလိုကူညီတာကျေးဇူးတင်ပါတယ်နော် "

" ရပါတယ်ဗျာ ကိစ္စမရှိပါဘူး "

မြူက ကျွန်တော့်ကို သူမချစ်သူဟန်ဆောင်ပြီး သူမ မိဘများအားတွေ့ပေးရန်အကူအညီတောင်းခဲ့တယ်။သူမမိဘတွေက အတင်းအိမ်ထောင်ပြုပေးနေသည်ဟုသိရသည်။ထို့ကြောင့်အကူအညီတောင်းခြင်း။ရှင်းမြတ်ကိုကျတော့လဲအကူအညီမတောင်းရဲဘူးပြောသည်။ထက်မြတ်နဲကျတော့လဲစကားတောင်သိပ်မပြောဖူး၍ ကျွန်တော့်အားသာအကူအညီတောင်းခြင်း။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now