Part 37 ( Uni + Zawgyi)

3.2K 115 4
                                    

( Unicode)

" ကို ဒီကိစ္စတွေကိုကဘယ်လိုသိတာလဲလို့ "

သားလေးအားမြှူနေသော လူကြီးအား ကျွန်တော်သိချင်၍ မေးလိုက်သည်။

" ကိုယ်က ကိုယ့်မေမေနောက်ကို ကိုယ့်လူတွေလွှတ်ထားတာလေ မေမေ ကလေးကိုဘာတွေလုပ်ဦးမလဲဆိုတာ မသိနိုင်လို့ အဲ့မှာမေမေက ကလေးတို့အိမ်လာသွားတာလည်းကိုယ်သိတယ်
ကလေးက မ​ပြောပြတော့ ကိုယ်လဲမမေးတော့တာ၊ ပြီးတော့ ကိုယ့်လူတွေပြောတာက မေမေကခုတလော မိန်းကလေးတစ်ယောက်နဲ့ တွေ့တွေ့နေတယ်တဲ့ အစကတော့ ဒီတိုင်းပဲထင်ခဲ့တာ နောက်တော့မှ အဲ့မိန်းကလေးနဲ့ ခနခနတွေ့နေတာဆိုလို့ စုံစမ်းကြည့်တော့မှ အဲ့မိန်းကလေးက မြူဝင့်လွှာဖြစ်နေတာ၊ မြူဝင့်လွှာကို မေမေက ကလေးနားတမင်လွှတ်ထားတာ ကလေးနဲ့နီးစပ်ခိုင်းပြီး ကိုယ်တို့ကြား ပြဿနာ တစ်ခုခုဖြစ်အောင်ပေါ့ "

" မြူကပြောတော့ သူက နှင်းသက်ကိုကြိုက်နေတာတဲ့၊ပြီးတော့ သူအိမ်က သူ့ကိုအတင်းအိမ်ထောင်ချပေးနေလို့ ကလေးကိုအကူအညီတောင်းတာ သူ့မိဘတွေနဲ့လိုက်တွေ့ပေးဖို့ ​ပြီးတော့ ဘယ်သူ့ကိုမှမပြောဖို့လဲပြောသေးတယ်"

" အင်း ကိုယ်သိပါတယ် အဲ့မိဘတွေဆိုတာကလဲ အတုတွေ ငွေပေးဟန်ဆောင်ခိုင်းထားတာ ပြီးတော့ ကလေးတို့ပုံတွေကို ကိုယ့်ဆီပို့တယ် မေမေကကိုယ့်ကိုသွေးထိုးတယ် ကလေးနဲ့​ပြတ်အောင်ကြံစည်ကြတယ် "

" အဲ့တာတွေကိုက ဘယ်ချိန်ကတည်းက သိတာလဲ "

" အစကတည်းက "

လူကြီးကပြုံးကာပြောသည်။
ဒါဆိုလူကြီးက အစကတည်းကရင်းသိတာကို သူ့ကိုမပြောပြတာပေါ့။ဟိုမိန်းကလေးနဲ့လဲ ဘာလိုလိုပုံစံကနေ
ပြသေးတယ် သားလေးကိုလည်းခေါ်သွားသေးသည်။

" ဟောဗျာ ကိုယ့်အသက် ဘာလို့မျက်နှာကဆူပုတ်နေရတာလဲ "

" ကိုက ကလေးကိုကျမပြောပြဘူး ဟိုအစ်မနဲ့လဲ ဘာလိုလိုပုံစံနဲ့ နောက်ပြီး သားလေးကို ဘာကိစ္စလာခေါ်သွားရတာလဲ "

" တကယ်လို့ ကိုယ်သာသားလေးကိုမခေါ်သွားရင် ကလေးကကိုယ့်အိမ်လိုက်လာမှာ မဟုတ်ဘူးလေ ကလေးကိုယ့်အိမ်လိုက်လာပြီးကိုယ်နဲ့ ရန်ဖြစ်မှ မေမေကသူ့အကြံစည်အောင်မြင်ပြီလို့ထင်မှာပေါ့ "

တွဲလက်ကလေး မြဲစေလို( Complete) Donde viven las historias. Descúbrelo ahora