( Unicode )
" ဟင် ပန်းအိ "
" မုန့်လာစားတာလား ကိုလင်းအသိ
တွေလား "လူကြီးကဖြေရခတ်နေသည့်ပုံပင်
" အာ...ဟုတ်..ဟုတ်တယ် လင်းမြတ်ညီလေးနဲ့ သူ့သူငယ်ချင်းတွေလေ "
လူကြီးက ပန်းအိဆိုသော ကောင်မလေးချိတ်ထားသောလက်အားဆွဲဖြုတ်ရင်း ပြန်ဖြေ၏။
" ကိုလင်း တစ်ရက်လောက် ဟိုးတစ်ရက်ကသွားစားတဲ့ဆိုင်ပြန်သွားရအောင်လေ "
"sorry မအားလို့ "
" ကိုလင်းအားတဲ့နေ့သွားမယ်လေ "
" ကျစ်...မအားပါဘူးဆို "
လူကြီးကတော့စိတ်ရှုပ်နေပုံပင်။ဟိုနှစ်ယောက်ကတော့မုန့်စားနေရင်း တစ်ချက်တစ်ချက် ကျွန်တော့အား လှမ်းလှမ်းကြည့်နေသေးသည်။
" ကိုလင်းကလဲ.....နော်...လိုက်ပို့ပါနော်.... "
ကောင်မလေးမှာ လူကြီး၏ လက်မောင်းအား လှုပ်ရမ်းကာ ချွဲချွဲနွဲ့နွဲ့အသံဖြင့်ပြောနေ၏။
ကောင်မလေးချွဲနေသည်မှာ လူကြီးမဟုတ်ပါက ကျွန်တော့်မျက်လုံးထဲ ချစ်စရာကောင်းတယ်လို့မြင်မိမှာပေမဲ့ ခုတော့ လူကြီးအားချွဲနေလေတော့ စိတ်ပျက်စရာကောင်းနေသလိုပင်။
" ကိုယ့်ဘာသာသွားလိုက်ပါလား ပန်းအိရာ "
" ကိုလင်းကလဲ.... ပန်းက ကိုလင်းနဲ့သွားချင်တာပါဆို "
" မိုးရွာတော့မယ်ထင်တယ် ငါဒီနေ့ပြန်စောစောပြန်ရမယ်ဟ လုပ်စရာရှိသေးလို့ စားပြီးကြပြီလား "
နှင်းသက်ကဖြတ်ပြော၏။
" အင်းပြီးပြီ ပြန်ကြရအောင်လေ "
ရှင်းမြတ်ကထပ်ပြောလာ၏။
" သွားကြတာပေါ့ ခွင့်ပြုပါဦး "
ကျွန်တော်ပြုံးကာ လူကြီးနှင့်ပန်းအိဆိုသောကောင်မလေးအားနှုတ်ဆက်ပြီးထွက်လာခဲ့၏။
လူကြီးကတော့ ဘယ်လိုကျန်ခဲ့မည်မသိ။ သိလဲမသိချင်ပါ လူကြီးကထိုကောင်မလေးကို ကျွန်တော့်အား အစ်ကို လင်းမြတ်ညီ၏ သူငယ်ချင်းဟုသာ မိတ်ဆက်ပေးခဲ့သည်လေ။
YOU ARE READING
တွဲလက်ကလေး မြဲစေလို( Complete)
Romanceဘုရင့်အနွယ်တော်မှ ဆင်းသက်လာသော သီဟမင်းထင်ဆိုသော အနေအေးပြီးသူအားလာထိပါးရင်တော့ငြိမ်မခံတတ်တဲ့ အစွာကောင်လေးနှင့် လင်းမြတ်မင်းခန့်ဆိုသော ရေခဲတုံး high boss ကြီးတို့ ရဲ့ အချစ်ဇာတ်လမ်းပါ။ uke က strong ဖြစ်တဲ့ ပုံစံမျိုးပါ။ ...