Part 6 ( Uni + Zawgyi)

3.4K 160 8
                                    

( Unicode)

အချိန်ကား မနက် ၇ နာရီခွဲ

ကျွန်တာ် ဟိုလူကြီးဆီသို့သွားရန်အဆင်သင့်ပြင်ပြီးနေပြီဖြစ်၏။ ယနေ့သည် ဟိုလူကြီးအားကျွန်တော်အဖြေပေးရမည့်နေ့။ကျွန်တော်ထိုလူကြီးအား ပေးမည့်အဖြေကို စဥ်းစားပြီးဖြစ်ပါသည်။

ထိုလူကြီး ကျွန်တော့်အား လာမတွေ့ပါက ကျွန်တော်မျှော်နေမိသည်။ ကျွန်တော့်အား ဖုန်းမဆက်ရင်လဲ ကျွန်တော်မကြိုက်။ ထိုလူကြီးနားမှာအခြားလူ​​​တွေရှိနေတာလဲ ကျွန်တော်သဘောမကျပါ။ ထိုလူကြီး နေမကောင်းဖြစ်တာလဲ ကျွန်တော် အလွန်စိတ်ပူသည်။ထိုလူကြီးမျက်နှာ ညှိုးတာလဲ ကျွန်တော်မကြိုက်ပါ။ ထိုလူကြီး
ကျွန်တော့်အားဂရုစိုက်တာကို သဘောကျသည်။ အရေးပေးတာကိုသဘောကျသည်။ ထိုလူကြီးနှင့်အတူရှိနေရခြင်းကိုလည်း ကျွန်တော်သဘောကျပါသည်။

နောက်တော့...ကျွန်တော်ထိုလူကြီးအားလည်း သဘောကျပါသည်။...ပြီးတော့....ပြီးတော့...
ကျွန်တော်ထိုလူကြီးအားချစ်သည်။

----------------------------------------------

တစ်ဖက်တွင်လဲ ဧည့်ခန်းထဲတွင် ထိုင်လျက် အိမ်အဝင်ပေါက်သို့
လည်တဆန့်ဆန့် ဖြစ်နေသော သူတစ်ယောက်လဲရှိပါ၏။

" ဘာလို့ မလာသေးပါလိမ့် "

" သားလင်းရေ မနက်စာစားလို့ရပြီနော်"

" ဟုတ်ကဲ့ ကြီးကြီးမိ နောက်မှစားလိုက်ပါ့မယ် "

ကျွန်တော် မီးဖိုခန်းထဲမှ ကြီးကြီးမိအား ပြန်ဖြေလိုက်၏။

" ဟူး....၈ နာရီတောင်ထိုးပြီကိုကွာ "

ကလေးက ကျွန်တော့်အား ယနေ့ အဖြေပေးမည်ဆို၍ ကျွန်တော်ကလေးအားထိုင်စောင့်နေခြင်းပါ။ ကျွန်တော် မနက် ၄နာရီ လောက်ကတည်းကနိုးနေခြင်းပင်။

မနေ့ညကလဲ ကလေးအားဆက်နေကြအတိုင်းပင် ဖုန်းဆက်တော့ မကိုင်။
" ကျွန်တော်အိပ်ချင်နေလို့ ဖုန်းမဆက်နဲ့တော့ " ဟုသာ message ပို့လာ၏။
ကျွန်တော်လဲ ကလေးစိတ်အနှောက်အယှက်ဖြစ်မည်စိုး၍ ထပ်မဆက်တော့ပါ။ " ကောင်းကောင်းအိပ်ပါကလေးကိုယ်မနက်ဖြန်ကိုစောင့်နေမယ်နော် " ဟုသာ message ပြန်ပို့လိုက်၏။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now