( Unicode)
" ဟင်..မယ်မယ်ကြီး "
ရုတ်တရက်တံခါးပွင့်လာကာ အခန်းထဲဝင်လာသော မယ်မယ်ကြီး
" ဘာပြောလိုက်တာလဲ မေးနေတာလေ "
မယ်မယ်ကြီးသည် မျက်နှာထားတင်းတင်းဖြင့်မေးပြီး ကျွန်တော်တို့၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။
" မယ်မယ် သားလေးတို့ကိုခွင့်ပြုပေးလိုက်ပါမယ်မယ်ရယ် "
" တော်လိုက်စမ်း..ကလျာ....ညဥ်းသားက ယောကျာ်းလေးဟဲ့..ယောကျာ်းလေး..ဟမ်..ညဥ်းသိရဲ့လား "
မယ်မယ်ကြီးသည် အလွန်စိတ်ဆိုးနေဟန် မျက်နှာထားတင်းမာစွာဖြင့် အော်ပြောလာ၏။
" မယ်မယ်ကြီး...မြေး..မြေးလေ "
" တော်လိုက်စမ်း..သီဟမင်း.."
မယ်မယ်ကြီးကတကယ်စိတ်ဆိုးနေသည်ပဲ ကျွန်တော်အား မြေးလေးဆိုပြီးအမြဲခေါ်တတ်တဲ့ မယ်မယ်ကြီးကခုတော့ သီဟမင်းတဲ့..
" မျိုးရိုးဂုဏ်သိက္ခာကိုမှမထောက်...မင်းမိုက်လှချီလား သီဟမင်း...မင်းကိုငါတို့ကငယ်ငယ်ကတည်းကဘာမှ မချုပ်ချယ်ခဲ့ဘူး လုပ်ချင်တာလုပ်ခိုင်းခဲ့တယ်ဆိုပေမဲ့.... ခုတော့မရတော့ဘူး
မင်းယောကျာ်းလေးတစ်ယောက်နဲ့
ချစ်ကြိုးသွယ်နေတာကိုတော့ ခွင့်ပြုမပေးနိုင်ဘူး..နားလည်လား.. "" မယ်မယ်ကြီးရယ်..မြေးတို့ကဘာများ..ဘာများမှာနေလို့လဲဟင်..မြေးတို့ကသူများသားမယားကိုဖျတ်စီးနေတာလဲမဟုတ်..."
" တော်..ဘာမှားလဲဟုတ်လား မင်းယောကျာ်းလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်နေတာကိုကမှားနေတာ.."
" မယ်မယ်ကြီးရယ် "
" လမ်းခွဲလိုက်သီဟမင်း "
" တောင်းပန်ပါတယ်မယ်မယ်ကြီး "
" အိမ်ပေါ်ကဆင်း "
" ဗျာ.."
" မယ်မယ် "
အိမ်ပေါ်ကဆင်းတဲ့လားမယ်မယ်ကြီးရယ်... မြေးကို အဲ့လောက်တောင်မုန်းသွားတာလားမယ်မယ်ကြီးရယ်...
ယောကျာ်း တစ်ယောက်နဲ့ချစ်ကြိုက်မိတာနဲ့ မယ်မယ်ကြီးကမြေးကို...
YOU ARE READING
တွဲလက်ကလေး မြဲစေလို( Complete)
Romanceဘုရင့်အနွယ်တော်မှ ဆင်းသက်လာသော သီဟမင်းထင်ဆိုသော အနေအေးပြီးသူအားလာထိပါးရင်တော့ငြိမ်မခံတတ်တဲ့ အစွာကောင်လေးနှင့် လင်းမြတ်မင်းခန့်ဆိုသော ရေခဲတုံး high boss ကြီးတို့ ရဲ့ အချစ်ဇာတ်လမ်းပါ။ uke က strong ဖြစ်တဲ့ ပုံစံမျိုးပါ။ ...