Part 21 ( Uni + Zawgyi)

2.1K 98 6
                                    

( Unicode )

" ကလေး....လာတော့လေကွာ "

" ခနလေးပါကိုရဲ့ "

ကျွန်တော် မီးဖိုထဲမှ ဖျော်ရည်ဖျော်နေရင်းလှမ်းအော်ပြောလိုက်သည်။

ယနေ့ မနက်အစောကြီးကတည်းကရှင်းမြတ်တို့အိမ်ရောက်လာကာ ကျွန်တော့်အားသူ့အိမ်ခေါ်လာခြင်း။အိမ်ရောက်ကတည်းက ကျွန်တော်အနားမှာအမြဲကပ်နေသည်။ ထမင်းတောင်ခွံ့ကျွေးရသည်။ ခုလဲနေ့လည်စာစားပြီး၍ ဖျော်ရည်သောက်ရန်ဖျော်နေခြင်းကို
ဧည့်ခန်းကနေ လှမ်းအော်နေပြီ။

" လာတော့ကွာ...ကလေး "

ကျွန်တော်လဲအမြန်လတ်စသတ်ကာဖျော့ရည်နှစ်ခွက်အားယူပြီးဧည့်ခန်းသို့အမြန်သွားရသည်။မသွားမချင်းတကြော်ကြော်အော်ခေါ်နေမည်မှာသေချာသည်မို့။

" ဘာလို့အော်နေရတာလဲကိုရယ် "

ကျွန်တော် ဖျော်ရည်ခွက်အားလူကြီးရှေ့သို့ချပေးရင်မေးလိုက်သည်။

" လွမ်းလို့ "

လူကြီးကပြောပြီးကျွန်တော်အားဆွဲဖတ်ကာသူ့ပေါင်ပေါ်ထိုင်စေသည်။
လူကြီးကတော့ မီးဖိုထဲဝင်သွားတာမှ ဆယ့်ငါးမိနစ်မကြာတာကို လွမ်းလို့တဲ့...
တကယ်ပါပဲ။

" ပိုကိိုပိုတယ် "

ကျွန်တော်မျက်စောင်းဝံ့ကာပြောလိုက်တော့ လူကြီးကရီသည်။

" ဟ..ဟ..မပိုပါဘူးဗျာ "

" ဖယ်ဦးကိုရာ "

" ဘာလုပ်မလို့လဲ "

" အောက်ဆင်းထိုင်မလို့ မလေးဘူးလား "

" ဟင့်အင်းမလေးဘူး... ကိုယ့်ပေါ်မှာပဲထိုင် "

" ဖယ်ပါဆိုကိုကလဲ "

လူကြီးကကျွန်တော့်ခါးအားပိုမိုတင်းကြပ်စွာဖတ်လာသည်။

" ကိုရေ... "

" ဒီလိုပဲထိုင်ပါဆိုကလေးကလဲ "

" အောက်မှာပဲထိုင်မှာ "

" ဟုတ်ပြီလေ အာ့ဆိုကို့ကိုနမ်း "

" ဘာဆိုင်လို့ "

" ဆိုင်တယ်ကွာ...နမ်း "

နှုတ်ခမ်းဆူပေးကာပြောလာသောလူကြီး....ကျွန်တော်လဲအနည်းငယ်စောင်းထိုင်ကာ လူကြီးလည်ပင်းအားသိုင်းဖတ်၍ လူကြီးနှုတ်ခမ်းအားတချက်နမ်းလိုက်သည်။

တွဲလက်ကလေး မြဲစေလို( Complete) Onde histórias criam vida. Descubra agora