Part 34 ( Uni + Zawgyi)

2.8K 115 17
                                    

( Unicode)

ကျွန်တော်လူကြီးအားတကယ်ဒေါသထွက်ပါသည်။မြူနဲ့ကျွန်တော့်ကိုစွပ်စွဲရုံသာမက သားလေးအားလည်းခေါ်သွားသည်။ဘာလို့အဲ့လောက်တောင်လုပ်ရတာလဲ ဆိုတာနားမလည်နိုင်။

" ဘာကိစ္စလဲ "

ကျွန်တော်အိမ်ထဲဝင်လိုက်သည်နှင့်
ဧည့်ခန်းထဲမှ လူကြီးအမေက ကျွန်တော့်အားမေးလာသည်။

" ကျွန်တော့်သားကို ပြန်လာခေါ်တာ "

" မင်းသား အော်.....သိပြီ ဟိုချစ်မဝဆိုတဲ့ကလေးလေးမလား "

" ဟုတ်တယ် ခုကျွန်တော့်သားဘယ်မှာလဲ "

" အပေါ်ထပ်က ငါ့သားအခန်းမှာ... သွားခေါ်လိုက်လေ "

လူကြီးအမေကပြုံးကာပြောသည်။
ကျွန်တော် အပေါ်တက်သွားပြီး လူကြီးအခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်သည်။

...ဒေါက်..ဒေါက်...

" ဝင်ခဲ့ "

ဟင် ဒါမိန်းမတစ်ယောက်ရဲ့အသံမလား။ဘယ်လိုဖြစ်လို့လဲ။ကျွန်တော်အခန်းတံခါးအားအသာဖွင့်ကာဝင်သွားလိုက်သည်။အခန်းက ကုတင်ပေါ်မှာ
နန္ဒာ ဆိုသောအမျိုးသမီးက သားလေးအားချီလျက်ထိုင်နေသည်။ကျွန်တော့်အားမြင်တော့ ပြုံးပြကာ

" အော် မောင်လေးပဲ ဘာကိစ္စလဲ "

" ကျွန်တော်သားကိုလာခေါ်တာ "

ပြောကာကလေးချီရန်ပြင်လိုက်တော့
ထိုမိန်းကလေးက သားလေးအားတင်းတင်းဖက်ကာနောက်တိုးသွားသည်။ဒါဘာသဘောပါလိမ့်။ကိုယ့်သားကိုယ်လာခေါ်တာတောင်မှ မပေးချင်တာလား။

" ကျွန်တော့်သားပြန်ပေးပါ "

" အို ဘာလို့ပေးရမှာလဲ ဒါကလင်းရဲ့သားလေးလေ....အာမဟုတ်ဘူး လင်းနဲ့တို့ရဲ့သားလေး "

ဘယ်လို....လူကြီးနဲ့သူရဲ့သားလေးတဲ့လား။ဘယ်လိုတောင်မျက်နှာပြောင်ရတာလဲ။စိတ်တိုစရာ။

" ဒါက ကျွန်တော့်သားဗျ ခင်ဗျားကလေးလိုချင်ရင်ကိုယ့်ဘာသာမွေးပါ့လား ကျွန်တော်သားပြန်ပေး "

ကျွန်တော်ပြောပြီးကလေးအားဆွဲချီသည်။ထိုမိန်းကလေးကလွှတ်မပေး။

တွဲလက်ကလေး မြဲစေလို( Complete) Where stories live. Discover now